ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ဖရန့်ဖတ် ၁ – ၁ ချဲလ်ဆီး (ရုပ်သံ)
Published By
DVB | 3 May, 2019
2K
0
Share
0
Comment
0
Likes
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ ချဲလ်ဆီးက အဝေးကွင်းမှာ ဖရန့်ဖတ်နဲ့ သရေတမှတ်စီ ခွဲယူလိုက်ရပါတယ်။
ချဲလ်ဆီးဟာ ဒီနှစ် ယူရိုပါလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့အသင်းလည်း ဖြစ်ပါတယ်။
အိမ်ရှင် ဂျာမန်အသင်း ဖရန့်ဖတ်က ၂၃ မိနစ်မှာ ဂျိုဗစ်သွင်းတဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ချဲလ်ဆီးက ဒီပွဲမှာ တိုက်စစ်မှူး ဟာဇက်ကို အရန်ထိုင်ခုံမှာ ထိုင်ခိုင်းထားခဲ့ပြီး မိနစ် ၆၀ လောက်မှ ထုတ်သုံးခဲ့တာပါ။
အဝေးကွင်းမှာ ယှဉ်ပြိုင်ရပေမယ့်လည်း ချဲလ်ဆီးကပဲ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပါတယ်။ ဂိုးပေါက်ကန်သွင်းခွင့်မှာလည်း ချဲလ်ဆီးက ၅ ကြိမ်၊ ဖရန့်ဖတ်က ၂ ကြိမ်ပဲ ရခဲ့ပါတယ်။
ချဲလ်ဆီးအတွက် ချေပဂိုးကို ၄၅ မိနစ်မှာ တိုက်စစ်မှူး ပက်ဒရိုက သွင်းယူပါတယ်။
အဝေးကွင်းမှာ တဂိုးစီ သရေကျလိုက်လို့ ချဲလ်ဆီးအနေနဲ့ နောက်တဆင့်တက်ရေးအတွက် အခြေအနေ ကောင်းသွားခဲ့ပါတယ်။
ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျောပွဲစဉ်ကိုတော့ ချဲလ်ဆီးက အိမ်ကွင်းမှာ လာမယ့် မေလ ၉ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။