A d v e r t i s e m e n t With Us

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပကျော့တွင် အာဆင်နယ်က ဗလင်စီယာကို ၃ ဂိုး ၁ ဂိုးဖြင့်နိုင် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အာဆင်နယ်က နောက်ကနေ လိုက်ကစားခဲ့ရပြီးမှ ဗလင်စီယာကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ­်။ ဧည့်သည် ဗလင်စီယာအသင်းက ၁၁ မိနစ်မှာသွင်းတဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ အိမ်ရှင် အာဆင်နယ်အတွက် ချေပဂိုးနဲ့ ဒုတိယဂိုးကို ၁၈ မိနစ်နဲ့ ၂၅ မိနစ်မှာ တိုက်စစ်မှူး လာကာဇက်တီက သွင်းယူပါတယ်။ ဒီပွဲမှာ တိုက်စစ်မှူး လာကာဇက်တီ ဟက်ထရစ်ဂိုး ရနိုင်တဲ့ အခွင့်အရေးတွေ ရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ အာဆင်နယ်က အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ဂိုးပေါက် ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။ အာဆင်နယ်အတွက် တတိယဂိုးကို မိနစ် ၉၀ မှာ တိုက်စစ်မှူး အူဘာမီယန်းက သွင်းယူပါတယ်။ ပထမအကျော့ ဆီမီးဖိုင်နယ်မှာ အာဆင်နယ်က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရလိုက်လို့ ဗိုလ်လုပွဲတက်နိုင်ရေး အခြေအနေ ကောင်းသွားခဲ့ပါတယ်။ ဒီနှစ်သင်း ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ဗလင်စီယာကွင်းမှာ မေလ ၉ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up