သတင်းပေါက်ကြားမှုအတွက် ဗြိတိန် ကာကွယ်ရေးဝန်ကြီးကို ရာထူးကထုတ်ပယ်

ဓာတ်ပုံ - Getty Images
ဟွာဝေးနည်းပညာကုမ္ပဏီနဲ့ ပတ်သက်ပြီး သတင်းပေါက်ကြားမှုအတွက် ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂယ်ဗင် ဝီလီယမ်ဆန်ကို ဝန်ကြီးချုပ် မေက ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ အမျိုးသားလုံခြုံရေးကောင်စီက ဆွေးနွေးချက်တွေ ပေါက်ကြားတဲ့အပေါ် ကာကွယ်ရေးဝန်ကြီး ဝီလီယမ်ဆန်မှာ တာဝန်ရှိတယ်ဆိုပြီး ဝန်ကြီးချုပ် မေက မေလ ၁ ရက်နေ့မှာ ပြောပါတယ်။ ဟွာဝေးကုမ္ပဏီ 5G ကွန်ရက် ဖြန့်ကြက်တဲ့ကိစ္စမှာ ဗြိတိန်အနေနဲ့ ကန့်သတ်သွားမယ်ဆိုတဲ့ သတင်း ပြီးခဲ့တဲ့သီတင်းပတ်က ပေါ်ထွက်ခဲ့ပါတယ်။ အမျိုးသားလုံခြုံရေး ထိပ်တန်းလျှို့ဝှက် အကြောင်းအရာတွေ ပေါက်ကြားခဲ့တဲ့အပေါ် ဗြိတိန်ပါလီမန်အတွင်း ယမ်းပုံမီးကျ ဖြစ်ခဲ့ပါတယ်။ ဒီပေါက်ကြားမှုကို စုံစမ်းရာမှာ ဝီလီယမ်ဆန် တာဝန်ရှိတယ်ဆိုတဲ့ အထောက်အထား တွေ့ရကြောင်း ဝန်ကြီးချုပ် မေက စာရေးသား ပေးပို့ခဲ့တာပါ။ ဝီလီယမ်ဆန်ကတော့ သူ့မှာ တာဝန်ရှိတယ်ဆိုတာကို ငြင်းဆိုခဲ့ပါတယ်။ အဲဒီနောက် ဝန်ကြီးချုပ်မေက ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ပန်နီ မော်ဒန့်ကို ခန့်အပ်လိုက်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up