သာမန်နိုင်ငံကူးလက်မှတ် သက်တမ်း ၅ နှစ်အထိ တိုးမြှင့်ပေးတော့မည်
DVB
·
October 31, 2012

သာမန်နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) တွေကို သက်တမ်း ၃ နှစ်ပေးနေရာကနေ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး သက်တမ်း ၅ နှစ်အထိ တိုးမြှင့်ပေးတော့မယ်လို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးအဖွဲ့မှူးတဦးက အတည်ပြုပြောဆိုပါတယ်။
နဂိုက သင်္ဘောသားပတ်စ်ပို့ ၅ နှစ်၊ အလုပ်သမားပတ်စ်ပို့ ၄ နှစ်၊ သာမန်နိုင်ငံကူးလက်မှတ် ၃ နှစ်သတ်မှတ်ထားရာကနေ အခု အားလုံးတပြေးညီ ၅ နှစ်သက်တမ်း သတ်မှတ်ပေးလိုက်တာဖြစ် ပါတယ်။ ဒီအတွက် ကုန်ကျစရိတ် ပိုပေးစရာ မလိုသလို လုပ်ထုံးလုပ်နည်းတွေလည်း အပြောင်းအလဲ မရှိဘူးလို့ သိရပါတယ်။
ဒါပေမယ့် ပတ်စ်ပို့ လက်ဝယ်ရှိ နိုင်ငံသားတယောက် သက်တမ်းကုန်ပြီး သက်တမ်းတိုးရင် အသစ်လျှောက်သူတွေနည်းတူ အစအဆုံး ပြန်လည် လုပ်ကိုင်ရတာကြောင့် ရုံးမှာ အချိန်များစွာ ကုန်သလို ပတ်စ်ပို့ ပြန်ရဖို့ အနည်းဆုံး ရက် ၂၀ ကျော် ကြာမြင့်နေတာက အခက်အခဲကြီး တခုပဲလို့ ဝေဖန်ပြောဆိုနေကြပါတယ်။