A d v e r t i s e m e n t With Us

ချန်ပီယံလိဂ် ဆီမီး ပကေျာ့တွင် ဘာစီလိုနာက လီဗာပူးကို ၃ ဂိုးပြတ်ဖြင့်နိုင် (ရုပ်သံ)

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် ဘာစီလိုနာနဲ့ လီဗာပူးတို့ မနေ့ကယှဉ်ပြိုင်ရာ ဘာစီလိုနာက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဘာစီလိုနာဟာ အဓိက ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ဆွာရက်ဇ်၊ ကော်တင်ဟို၊ ဘတ်စ်ကွက်၊ ရာကီတစ်တို့ကို အသုံးပြုသွားပါတယ်။ လီဗာပူးအသင်းကတော့ တိုက်စစ်မှာ ဖာမီနိုကို အရန်ခုန်မှာထားပြီး ဆာလက်၊ မာနေး၊ ကီတာ၊ ဝစ်ခ်ျနယ်လ်ဒန်၊ ဖာဘင်ဟို၊ မီလ်နာ စတဲ့ အဓိက ကစားသမား အများစုနဲ့ ပွဲထွက်လာခဲ့တာပါ။ ပွဲချိန် ၂၆ မိနစ်မှာ ဘာစီလိုနာအတွက် တိုက်စစ်မှူး ဆွာရက်ဇ်က အဖွင့်ဂိုးသွင်းပေးပြီး ပထမပိုင်းမှာ ဘာစီလိုနာ တဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းခွင့်မှာပါ နှစ်သင်း မတိမ်းမယိမ်း ရှိခဲ့ပါတယ်။ ဒီ့နောက် ပွဲချိန် ၇၅ နဲ့ ၈၂ မိနစ်တွေမှာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက နှစ်ဂိုးဆက်သွင်းပြီး ဆီမီးဖိုင်နယ် ပထမအကျော့ အိမ်ကွင်းမှာ ဘာစီလိုနာက ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအတွက် အနိုင်ဂိုးနှစ်ဂိုး သွင်းပေးခဲ့တဲ့ တိုက်စစ်မှူး မက်ဆီကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် မေလ ၈ ရက်နေ့ လီဗာပူးကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up