ဘိုလီးဗီးယားတွင် မြေပြိုပြီး တောင်စောင်းတွင် ဆောက်လုပ်ထားသည့် နေအိမ်များ ပြိုကျ (ရုပ်သံ)
Published By
DVB | 1 May, 2019
1.2K
0
Share
0
Comment
0
Likes
ဘိုလီးဗီးယားနိုင်ငံ မြို့တော် လာပတ်စ် ဆင်ခြေဖုံးမှာ ဧပြီ ၃၀ ရက်နေ့က မြေပြိုမှုဖြစ်ပြီးနောက် တောင်စောင်းမှာ ဆောက်လုပ်ထားတဲ့ နေအိမ်တွေ ပြိုကျခဲ့ပါတယ်။
မြေပြိုတာကြောင့် နေအိမ် ၁၇ လုံး လုံးဝ ပြိုကျခဲ့ပြီး တခြားအိမ် အများအပြား ပျက်စီးခဲ့တယ်လို့ ဒေသမီဒီယာက ဆိုပါတယ်။
နေအိမ်ပြိုကျမှာကို စိုးရိမ်ပြီး ကြိုတင် နေရာပြောင်းရွှေ့ထားတာကြောင့် သေဆုံးသူ မရှိဘူးလို့ သိရပါတယ်။
အဲဒီအိမ်တွေကလူတွေဟာ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့အတူ နေထိုင်စရာ အသစ်ရရှိဖို့ ကြိုးပမ်းနေကြပါတယ်။
နေရပ်ပြောင်းရွှေ့ရသူ တဦးက ဘုရားသခင်ကိုပဲ အားကိုးပြီး အခုဖြစ်နေတာတွေကို ဘုရားသခင်ပဲသိတယ်လို့ ပြောပါတယ်။
တခြား ပြောင်းရွှေ့ရသူ တဦးကလည်း မြေပြိုတာကြောင့် ထိခိုက်ရသူ အများအပြားရှိပြီး ဘာဆက်လုပ်ရမယ်ဆိုတာ မသိဘူးလို့ ပြောခဲ့ပါတယ်။
တောင်ပေါ်မြို့လို့ အဓိပ္ပာယ်ရတဲ့ လာပတ်စ်မြို့မှာ အောက်ခြေမခိုင်မာတဲ့ တောင်စောင်းတွေပေါ် နေအိမ်တွေ ဆောက်လုပ်ထားတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။