စတာလင်သည် လူငယ်များအတွက် အတုယူစရာ စံပြကစားသမားဖြစ်ဟု ဆန်ချို ချီးကျူး

မန်စီးတီးကစားသမား စတာလင်ဟာ အင်္ဂလန်လူငယ်တွေအတွက် အတုယူစရာ စံပြကစားသမားဖြစ်တယ်လို့ ဒေါ့မွန်လူငယ်ကြယ်ပွင့် ဆန်ချိုက ချီးကျုးပြောကြားလိုက်ပါတယ်။ အင်္ဂလန် တောင်ပံကစားသမား စတာလင်ဟာ အားကစားကလောင်ရှင်တွေက ချီးမြှင့်တဲ့ FWA တနှစ်တာအကောင်းဆု ရယူနိုင်ခဲ့သလို ပရော်ဖက်ရှင်နယ် ကစားမားများ အဖွဲ့အစည်းက ချီးမြှင့်တဲ့ PFA တနှစ်တာ အကာင်းဆုံး လူငယ်ကစားသမားဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ လန်ဒန်က လူငယ်ကစားသမားတွေအနေနဲ့ စတာလင်ရဲ့ အောင်မြင်မှုတွေကို ကြည့်ပြီး သူ့လိုဖြစ်အောင်ကြိုးစားရင်း ကြီးမားတဲ့ဆုတွေ ရယူဖို့ ကြိုးစားကြမှာဖြစ်တယ်လို့ ဆန်ချိုက ပြောကြားခဲ့ပါတယ်။ စတာလင်ကို ချီးကျူးခဲ့တဲ့ ဂျော်ဒန်ဆန်ချိုဟာလည်း ဂျာမန်ကလပ် ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြနေသူဖြစ်ပြီး အင်္ဂလန်လက်ရွေးစင် ကစားသမားတယောက် ဖြစ်ပါတယ်။ အသက် ၂၄ နှစ်ရှိ အင်္ဂလန်နဲ့ မန်စီးတီးကစားသမား စတာလင်ဟာ အခုနှစ်ဘောလုံးရာသီမှာ နိုင်ငံနဲ့ ကလပ်အသင်းအတွက် စုစုပေါင်း ၂၉ ဂိုးအထိ သွင်းယူထားပါတယ်။

More News
Up