A d v e r t i s e m e n t With Us

ဂါရတ်ဘေးလ် အသင်းမပြောင်းဟု အေးဂျင့် ပြော

ဂါရတ်ဘေးလ် အသင်းမပြောင်းဖို့ ၁၀၀ ရာခိုင်နှုန်း သေချာကြောင်း အေးဂျင့်ဖြစ်သူ ဘားနက်က ပြောလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဘေးလ်ဟာ အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် ခြေစွမ်းမပြနိုင်တာကြောင့် ရီးရဲလ်အသင်းက ရောင်းထုတ်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဒါပေမယ့်လည်း ဘေးလ်ရဲ့ အေးဂျင့်ဖြစ်သူ ဂျိုနသန်ဘားနက်ကတော့ ရီးရဲလ်အသင်းမှာ ဆက်ရှိနေမယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း သေချာတယ်လို့ ပြောကြားသွားခဲ့ပြီး ဘာမှ ပြောင်းလဲမှုရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဘေးလ်ဟာ ၂၀၁၃ ခုနှစ်က စပါးအသင်းကနေ ပေါင် ၈၅ ဒသမ ၃ သန်းနဲ့ ပြောင်းရွှေ့လာတာပါ။ ဘေးလ်ကို မန်ယူနဲ့ စပါးအသင်းတွေက ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up