ချန်ပီယံလိဂ် ဆီမီး ပကျော့တွင် အေဂျက်က စပါးကို အနိုင်ယူ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ နယ်သာလန်ကလပ် အေဂျက်က ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့စပါးကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဥ​ရောပ ထိပ်​သီးကလပ်​အသင်းကြီး​တွေဖြစ်​တဲ့ ရီးရဲလ်မက်​ဒရစ်​၊ ဂျူဗင်​တပ်တို့လို အသင်း​တွေကို အ​ဝေးကွင်းမှာ အနိုင်​ယူခဲ့တဲ့ အေဂျက်အသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်သီးကလပ် စပါးအသင်းကိုလည်း အဝေးကွင်းမှာ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ ဒီရလဒ်​​ကြောင့် ဗိုလ်​လုပွဲတက်​​ရောက်​ဖို့ အလားအလာ ​​ကောင်းသွားခဲ့တဲ့ အေဂျက်​ဟာ လူ​ငယ်​​တွေရဲ့ စိတ်​ဓာတ်​ပြင်းပြမှုနဲ့အတူ ခရီးဆက်​​နေတယ် ဆိုတာကို သက်​​သေပြနိုင်​ခဲ့ပါတယ်​။ စပါးဟာ အိမ်​ကွင်းမှာကစားခဲ့ရ​ပေမယ့်​ ခြေစွမ်းမပြနိုင်​ခဲ့သလို လူးကပ်​စ်​​မော်​ရာ၊ အယ်လီနဲ့ ​လော်ရန်​တေးတို့ တိုက်​စစ်​အတွဲကလည်း အေဂျက်​နောက်​တန်းကို ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ အေဂျက်​အတွက် တလုံးတည်း​သော အနိုင်​ဂိုးကို​တော့ ဂျိုဟန်​ခရိုက်​ဖ်ရဲ့ ပဲ့တင်​သံလို့ နာမည်​ကြီး​နေတဲ့ တောင်​ပံကစားသမား ဗန်​ဒီဘိခ်​က ပွဲချိန်​ ၁၅ မိနစ်​မှာ သွင်းယူ​ပေးခဲ့တာပါ။ စပါးနည်းပြ ပိုချက်​တီနိုက​တော့ အိမ်​ကွင်းရှုံးပွဲ​ကြောင့် စိတ်​ထိခိုက်ခဲ့​ရပေမယ့်​ ​မေလ ၉ ရက်​​နေ့ အေဂျက်​အိမ်​ကွင်းမှာ အနိုင်​ပြန်ယူပြီး နောက်​တဆင့် တက်​​ရောက်​နိုင်​ဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up