A d v e r t i s e m e n t With Us

ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီကို ခေါ်ယူရန် မန်ယူနှင့် ချဲလ်ဆီး ပစ်မှတ်ထား

ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာဖို့ရှိတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီကို မန်ယူနဲ့ ချဲလ်ဆီးအသင်းတွေက ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ကာဗာနီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း တနှစ်သာကျန်ရှိတော့ပြီး ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ဆန္ဒ ရှိနေတယ်လို့ သိရပါတယ်။ ကာဗာနီရဲ့ အခြေအနေကို မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးလ်အသင်းတို့က စိတ်ဝင်စားနေပြီး လာမယ့်နွေရာသီမှာ ကမ်းလှမ်းမှုတွေ လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီဟာ ၂၀၁၃ ခုနှစ်ကတည်းက နာပိုလီကနေ ပြောင်းရွှေ့ကစားနေတာဖြစ်ပြီး အသင်းနဲ့အတူ ဆုဖလား ၁၇ လုံး ရယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အသင်းနဲ့ စာချုပ်သက်တမ်း တနှစ်ကျန်ရှိနေသေးပြီး အသင်းမှာ ပျော်ရွှင်နေပေမယ့် ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တယ်လို့ ကာဗာနီက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ပြောကြားထားပါတယ်။ ပီအက်စ်ဂျီအသင်းမှာ အမ်ဘာပီက အထူးခြေစွမ်းပြနေတဲ့အတွက် ကာဗာနီအနေနဲ့ အသင်းပြောင်းရွှေ့ဖွယ် ရှိတယ်လို့လည်း သတင်းထွက်ပေါ်နေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up