A d v e r t i s e m e n t With Us

ကယ်လီကလာ့ခ်ဆန်နှင့် အဆိုတော်ပေါင်းများစွာ အသံနှင့် ပါဝင်သရုပ်ဆောင်ထားကြသည့် အန်နီမေးရှင်းရုပ်ရှင် – UglyDolls (နမူနာ)

ချစ်စရာကောင်းတဲ့ အရုပ်ကလေးတွေနဲ့ ဖန်တီးရိုက်ကူးထားတဲ့ ဂီတဇာတ်မြူး အန်နီမေးရှင်းရုပ်ရှင်ကား UglyDolls ကို လာမယ့် မေလ ၃ ရက်နေ့ စတင်ပြီး ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ STX Entertainment ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Kelly Asbury က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ထူးထူးခြားခြား နာမည်ကြီး အဆိုတော်တွေ အများကြီးက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြတာပါ။ စွန့်စားမှုတွေ၊ ချစ်စရာကောင်းတဲ့ ဟာသဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲက အဓိကဇာတ်ကောင် Moxy အဖြစ် အဆိုတော် Kelly Clarkson က ခေါင်းဆောင်ပါဝင်ထားပြီး နာမည်ကြီးအဆိုတော် Nick Jonas ကတော့ Ugly Dog အဖြစ် အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြပြီး Bebe Rexha၊ Emma Roberts၊ Blake Shelton၊ Pitbull စတဲ့ နာမည်ကြီး အဆိုတော်တွေ အများကြီးက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ကြာမြင့်ချိန် ၉၁ မိနစ်ရှိတဲ့ ဒီကားကိုတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၄၅ သန်း အကုန်အကျခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေက ကလေးတွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ဂီတသံစဉ်တွေ၊ သီချင်းတွေ၊ လှပတဲ့ အန်နီမေးရှင်း အထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ အစက မေလ ၁၀ ရက်နေ့မှာ ရုံတင်မယ်လို့ ကြေညာထားခဲ့တာပါ။ ဒါပေမယ့် အဲဒီနေ့မှာ ရုံတင်မယ့် နာမည်ကြီး အန်နီမေးရှင်းရုပ်ရှင်ကား Pokémon: Detective Pikachu နဲ့ ရုံတင်ရက် ရှောင်ချင်တာမို့ တပတ်စောပြီး ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up