အမေရိကန် ဒုရှေ့နေချုပ် ရိုဆန်စတိန်း ရာထူးကနုတ်ထွက်
အမေရိကန် ဒုတိယရှေ့နေချုပ် ရော့ဒ် ရိုဆန်စတိန်းဟာ ဧပြီ ၂၉ ရက်နေ့က ရာထူးက နုတ်ထွက်စာကို သမ္မတ ဒေါ်နယ်ထရမ့်ထံ ပေးပို့ခဲ့ပါတယ်။
သမ္မတ ထရမ့် မဲဆွဲစည်းရုံးအဖွဲ့နဲ့ ရုရှားအကြား ဆက်နွှယ်မှုတွေကို စုံစမ်းဖို့ အထူးစုံစမ်းရေးမှူးကို ခန့်အပ်ပြီး ၂ နှစ်မပြည့်ခင်မှာပဲ ရိုဆန်စတိန်း ရာထူးကနေ နုတ်ထွက်သွားခဲ့တာပါ။
ဝီလီယမ်ဘားကို ရှေ့နေချုပ်အဖြစ် အတည်ပြုပြီးကတည်းက ရိုဆန်စတိန်း ရာထူးက နုတ်ထွက်မယ်လို့ မျှော်လင့်ထားတာပါ။
ရိုဆန်စတိန်းဟာ မတ်လအလယ်လောက်ကတည်းက ရာထူးကနုတ်ထွက်ဖို့ ရည်ရွယ်ထားပေမယ့် ရောဘတ်မူလာ စုံစမ်းရေး ပြီးဆုံးချိန်အထိ နေခဲ့ပါတယ်။ ပြီးခဲ့တဲ့လက မူလာဟာ စုံစမ်းရေး အစီရင်ခံစာကို တရားရေးဌာနဆီ တင်သွင်းခဲ့တာပါ။
ရိုဆန်စတိန်းနဲ့ ဘားတို့က သမ္မတ ထရမ့်ဟာ အမှန်တရားကို မတားဆီးဘူးဆိုပြီး ကောက်ချက်ဆွဲခဲ့ပါတယ်။ ရိုဆန်စတိန်းဟာ မူလာရဲ့ ၂ နှစ်တာ စုံစမ်းရေးကို ကြီးကြပ်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။