A d v e r t i s e m e n t With Us

ချိန်ဘာလိန်ကို သက်တမ်းတိုး စာချုပ်ရန် လီဗာပူး ကမ်းလှမ်းမည်

လီဗာပူးအသင်းဟာ ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့ ချိန်ဘာလိန်ကို သက်တမ်းတိုး စာချုပ်ဖို့ ပြင်ဆင်နေပါတယ်။ အင်္ဂလန်တောင်ပံကစားသမား ချိန်ဘာလိန်ဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် တနှစ်နီးပါး အနားယူခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ဟတ်ဒါဖီးလ်နဲ့ပွဲမှာ ပြန်ကစားနိုင်ခဲ့ပါတယ်။ ချိန်ဘာလိန်ကို လီဗာပူးအသင်းက တနှစ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှာဖြစ်ပြီး လက်ကျန် စာချုပ်သက်တမ်းအရ ၂၀၂၃ ခုနှစ်အထိ အသင်းမှာ ဆက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ တနှစ်လောက် အနားယူခဲ့ရပြီးနောက် ကွင်းထဲမှာ ပြန်လည်ကစားနိုင်ဖို့ ကူညီပေးခဲ့ကြတဲ့ အသင်းဝန်ထမ်းတွေအားလုံးနဲ့ အသင်းဖော်တွေကို ကျေးဇူးတင်တယ်လို့ ချိန်ဘာလိန်က ပြောပါတယ်။ ဒါ့အပြင် သူ့ရဲ့ အမှောင်ဆုံးအချိန်တွေမှာတောင် အားပေးတာတွေ ဆက်လုပ်ခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ ချိန်ဘာလိန်က ပြောကြားခဲ့ပါတယ်။ အသက် ၂၅ နှစ်ရှိ ချိန်ဘာလိန်ဟာ ၂၀၁၇ ခုနှစ်က အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး လီဗာပူးအသင်းအတွက် နှစ်ရာသီကြာ ကာလအတွင်းမှာ ပြိုင်ပွဲစုံ ၄၃ ပွဲကစားပြီး ၅ ဂိုး သွင်းယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up