မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
A
d
v
e
r
t
i
s
e
m
e
n
t
With Us
ရှမ်းပြည်နယ်၌ မြေလွတ်မြေရိုင်းမရှိဘဲဘိုးပွားပိုင်မြေသာရှိဟု ရှမ်းရွာသားများထုတ်ပြန်
ရှမ်းပြည်နယ်ထဲမှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းမရှိဘဲ ဘိုးဘွားပိုင်ခြံမြေနဲ့ အများ ပိုင်ဘုံမြေယာ သာရှိတယ်လို့ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ် နမ့်မ္မကျေးရွာအုပ်စုက ရွာ သားတွေ ထုတ်ပြန်ခဲ့ပါတယ်။
အစိုးရက မြေယာပိုင်ဆိုင်ကြောင်းနဲ့ လုပ်ပိုင်ခွင့်အထောက်အထားတွေ ၆ လအတွင်း အပြီးလျှောက်ထားကြဖို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ကြေညာထားတာနဲ့ ပတ်သက်ပြီး မြေယာတွေ သိမ်းဆည်းခံရမယ့်အရေး စိုးရိမ်မကင်းဖြစ်တာကြောင့် ယမန်နေ့က နမ္မကျေးရွာမှာ တောင်သူ လယ်သမားဆွေးနွေးပွဲတရပ်ကျင်းပကာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းမရှိကြောင်း ထုတ်ပြန် လိုက်တာပါ။
နမ့်မ္မကျးရွာ ရှမ်းလူငယ်အင်အားစုခေါင်းဆောင် စိုင်းသိန်းမြင့်က “မြေစာရင်း၊ မြေဂရံ မရှိဘူးဆိုရင် မြေလွတ်၊ မြေရိုင်းလို့ သတ်မှတ်ပြီး အသိမ်းခံရမှာစိုးလို့ ကျနော်တို့ နမ္မ၊ ဟူးမီ၊ ဆိုင်းခေါင်၊ ဆိုင်းလျှန် စတဲ့ ကျေးရွာအုပ်စုထဲက ရွာသားပေါင်း ၆၀၀ ကျော် လာရောက်ဆွေးနွေးပြီးအခုလို သဘောထားထုတ်ပြန်တာပါ။ ကျနော်တို့ ရှမ်းပြည်မှာ မြေလွတ်မြေရိုင်းမရှိပါဘူး။ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာတဲ့ ဘိုးဘွားပိုင်မြေတွေ ဖြစ်တယ်။ လွင်ပြင်တောတောင်တွေကတော့ အများပိုင်စားကျက်မြေအဖြစ်သတ်မှတ်ပြီး ကျွဲကျောင်း၊ နွားကျောင်း၊ အမဲလိုက်၊ မှိုချိုး၊ မျှစ်ချိုးလုပ်လို့ရတယ်။ သစ်ပင်ကြီးတွေတော့ ခုတ်လို့ မရဘူး၊ ရောင်းစားလို့မရဘူး။ အဲဒါကြောင့် ကျနော်တို့ ပြည်သူတွေ ပုံစံ ၇ ၊ ပုံစံ ၁၅ မလိုလားဘူး။ အရင် ဘိုးဘွားစဉ်လာအတိုင်းဘဲ လိုလားပါတယ်ခင်ဗျ။”
ဒီကိစ္စနဲ့ပတ်သက်ပြီး မိုင်းရယ်မြို့နယ် SNLD ပါတီ ပြည်သူ့လွှတ်တော်အမတ် စိုင်းသီဟကျော်က အန်အယ်လ်ဒီအစိုးရအနေနဲ့ ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းတဲ့ မြေလွတ်မြေရိုင်း ဥပဒေကို ပြင်ဆင်ရတာဟာ ယခင်က ပုံစံအမျိုးမျိုးနဲ့ မြေတွေရယူထားပြီး အမှန်တကယ် လုပ်ငန်းဆောင်ရွက်ခြင်း မရှိတဲ့မြေယာတွေ စနစ်တကျပြန်လည်စီမံခန့်ခွဲလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ပြောပါတယ်။
ဒါပေမယ့် ရှေးရိုးအစဉ်လာမြေယာပိုင်ဆိုင်မှုတွေနဲ့လည်း မကိုက်ညီတဲ့ အတွက် ကန့်ကွက်မှုတွေ လည်းရှိနေကြောင်း ၊ ဒါကြောင့်အားလုံးကလက်ခံနိုင်တဲ့ ၊ အမျိုးသားအဆင့် မြေယာဥပဒေ ပြန်လည်ပြင်ဆင်ရေးဆွဲဖို့လိုအပ်ပြီး ဥပဒေမပြင်နိုင်ခင်ကာလမှာတော့ ရွာသားတွေ အနေနဲ့ မိမိပိုင်ဆိုင်မှုနဲ့ လုပ်ကိုင်စားသောက်နေတဲ့ မြေယာတွေ မဆုံးရှုံးရအောင်လို့ အစိုးရက ကြေညာထားတဲ့အတိုင်း လိုက်နာဆောင်ရွက်သင့်တယ်လို့ ဒီဗွီဘီကို ပြောသွားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလက လွှတ်တော်ကနေ ပြင်ဆင်ခဲ့တဲ့ မြေလွတ်၊ မြေလွပ်၊ မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေမှာ ယခင်အစိုးရ အဆက်ဆက်က မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေနဲ့ ရယူခဲ့တဲ့ မြေကွက်တွေ လုပ်ပိုင်ခွင့် ပြန်လည်မှတ်ပုံတင်ရန်၊ ပုံစံ ၇ မရှိဘဲ ဘိုးဘွားစဉ်ဆက်လုပ်ကိုင်လာတဲ့ မြေပိုင်ရှင်တွေအနေနဲ့ လုပ်ပိုင်ခွင့်ပြန်လည်လျှောက်ထားဖို့၊ စိုက်ပျိုးမြေလုပ်ကိုင်သူတွေ အနေနဲ့ သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီထံ ၆ လအတွင်း လုပ်ကိုင်ခွင့်ပြန်လည်လျှောက်ထားဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဓာတ်ပုံ -
Tai Youth Power United
Tags
ရှမ်းပြည်နယ်၌ မြေလွတ်မြေရိုင်းမရှိဘဲဘိုးပွားပိုင်မြေသာရှိဟု ရှမ်းရွာသားများထုတ်ပြန်
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up