အစိုးရနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဦးဝီရသူ ပုဂ္ဂိုလ်ရေးဝေဖန်တိုက်ခိုက်






4.6K
မြိတ်မြို့မှာပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ဖို့ လူထုထောက်ခံပွဲမှာ ဦးဝီရသူ ဝေဖန်တိုက်ခိုက် ပြောကြားချက်တွေဟာ လက်ရှိအစိုးရကို ဂုဏ်သိက္ခာထိပါးစေတယ်လို့ မြို့ခံတွေက ကန့်ကွက်ပြောဆို လိုက်ပါတယ်။
အဲဒီပြောကြားချက်တွေထဲမှာ အစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် ဂုဏ်သိက္ခာ ကျဆင်းစေတဲ့ ပြောဆိုချက်တွေ ပါဝင်နေတာနဲ့ ပတ်သက်ပြီး ဒေသခံတွေက ဝေဖန်နေကြ ပါတယ်။
အဆိုပါဟောပြောပွဲမှာ ဦးဝီရသူက "ပြည်သူတွေချွေးနှဲစာနဲ့ ရှာဖွေထားတာကို အခွန်ကောက် အဲဒီအခွန်တွေကို ဘတ်ဂျက်တွေတိုးတောင်း အကုန်သူခိုးတွေချည်းပဲ"လို့ အစိုးရကို ဝေဖန် ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးလည်း ပုဂ္ဂိုလ်ရေးဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ပါတယ်။
အစိုးရတဖွဲ့လုံးကို သူခိုးတွေ လို့ပြောဆိုပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ကိုလည်း အင်မတန် စော်ကားလွန်းတဲ့အတွက် ကျနော်တို့ မြိတ်ဒေသခံတွေက လုံးဝလက်မခံဘူးလို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်းက ဦးလှမော်က ပြောပါတယ်။
အဆိုပါဟောပြောပွဲကို ဧပြီ ၂၉ ရက် ညနေပိုင်းက မြိတ်မြို့၊ အရှေ့သိမ် ဘောလုံးကွင်းမှာပြုလုပ်ခဲ့တာပါ။
သင်္ကြန်ကာလက အစိုးရအဖွဲ့ကိုဝေဖန်ထောက်ပြခဲ့တဲ့ ကျောင်းသားတွေကို တရားစွဲဆိုခဲ့ပေမယ့် အခု ဟောပြောပွဲမှာ အစိုးရအဖွဲ့ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ အပေါ်မှာလည်း တရားဥပဒေအတိုင်း မျှမျှတဖြစ်ဖို့ လိုတယ်လို့ မြို့ခံ ဦးပိုအင်ကပြောပါတယ်။
အဆိုပါ လူထုထောက်ခံပွဲကို အင်အား ၃၀၀ ကျော်နဲ့ပြုလုပ်ခဲ့ကြပြီး ဖွဲ့စည်းပုံ ပုဒ်မ ၅၉(စ) မပြင်ဆင်ဖို့နဲ့ ပုဒ်မ ၂၆၁ အမြန်ဆုံးအတည်ပြုနိုင်ဖို့ လူမျိုးခြား သမ္မတမဖြစ်ရေးတို့ကိုလည်း ဟောပြောခဲ့ ကြပါတယ်။
ဓာတ်ပုံ - အောင်ေကျာ်