သွေးပျက်ထိတ်လန့်ဖွယ် ဒရာမာရုပ်ရှင် ပရိသတ်အကြိုက် – The Intruder (နမူနာ)
Published By
DVB | 30 April, 2019
1.7K
0
Share
0
Comment
0
Likes
သွေးပျက်ထိတ်လန့်စရာ Horror, Mystery, Drama အမျိုးအစား ရုပ်ရှင်ကားတကား ဖြစ်တဲ့ The Intruder ရုပ်ရှင်ကို လာမယ့် မေလ ၃ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Deon Taylor က ရိုက်ကူး ပုံဖော်ပေးထားတာဖြစ်ပြီး Sony Pictures က ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။
လက်ထပ်ပြီးစ လူငယ်စုံတွဲတတွဲဖြစ်တဲ့ Scott နဲ့ Annie တို့ဟာ ဆိတ်ငြိမ်တဲ့ နေရာတခုက မြေဧက အကျယ်ကြီးပေါ်မှာ ဆောက်လုပ်ထားတဲ့ လှပတဲ့အိမ်တလုံးကို ဝယ်ယူခဲ့ကြတယ်။ ဒါပေမယ့် အဲဒီနောက်ကွယ်မှာတော့ သူတို့ ၂ ယောက်လုံး မသိနိုင်တဲ့ လျှို့ဝှက်မှုတခုကို နောက်ကျမှ သိလိုက်ရတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ အိမ်ကြီးထဲမှာ ဘယ်လိုချောက်ချားစရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရမလဲ။ မူလအိမ်ပိုင်ရှင်တယောက်ဖြစ်တဲ့ Charlie ဆိုတဲ့ အမျိုးသားပေါ်လာပြီး သူ့ရဲ့ပိုင်ဆိုင်မှုကို ပြန်လည်ရယူဖို့ သေစေနိုင်လောက်တဲ့ အစီအစဉ်တွေနဲ့ သူတို့ ၂ ယောက်ကို ရန်ပြု တိုက်ခိုက်ချိန်မှာ ဘယ်လိုတွေ ဖြစ်လာမလဲ ဆိုတာတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။
ကြာမြင့်ချိန် ၁၀၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ အမေရိကန်သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Michael Ealy၊ Meagan Good၊ Joseph Sikora နဲ့ Dennis Quaid တို့က ခေါင်းဆောင် ပါဝင်ထားကြပါတယ်။
ဒီကားထဲမှာပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ သွေးထွက်သံယို မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။