အရန်ဂိုးသမား ရိုမဲရိုးကို အသုံးပြုရန် မန်ယူပရိသတ်များ ဆန္ဒရှိ
မန်ယူအသင်း ပရိသတ်တွေဟာ အမှားများလာတဲ့ ဒီဂီယာရဲ့နေရာမှာ အရန်ဂိုးသမား ရိုမဲရိုးကို အသုံးပြုဖို့ ဆန္ဒရှိနေကြပါတယ်။
စပိန်ဂိုးသမား ဒီဂီယာဟာ တနင်္ဂနွေနေ့က ချဲလ်ဆီးနဲ့ တဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့အမှားကနေ ချေပဂိုး ခွင့်ပြုခဲ့ရတာပါ။
ဒီဂီယာအနေနဲ့ ပွဲစဉ်တိုင်းမှာ ဂိုးတွေပေးနေရတာ နှစ်လလောက် ကြာမြင့်နေပြီ ဖြစ်တာကြောင့် ပရိသတ်တွေက စိတ်ပျက်နေကြတယ်လို့ သိရပါတယ်။
ရိုမဲရိုးကို ပြီးခဲတဲ့နှစ်ပွဲလောက်ကတည်းက အသုံးပြုသင့်ပေမယ့် မန်ယူနည်းပြ ဆိုးလ်ရှားက အသုံးမပြုခဲ့ဘူးလို့ ပရိသတ်တဦးက ဆိုပါတယ်။
ဒီဂီယာဟာ ပြီးခဲ့တဲ့နှစ်က လက်စွမ်းပြခဲ့တာ မှန်ပေမယ့် လက်ရှိအချိန်မှာတော့ ယုံကြည်မှုကျဆင်းနေပြီး အာဂျင်တီးနားလက်ရွေးစင် ရိုမဲရိုးကို ပွဲထွက်ခွင့်ပေးရမယ့်အချိန် ရောက်ပြီလို့ ပရိသတ်တဦးက ပြောပါတယ်။
အသက် ၃၂ နှစ်ရှိ အာဂျင်တီးနားဂိုးသမား ရိုမဲရိုးဟာ ၂၀၁၅ ခုနှစ်ကတည်းက ဆမ်ဒီုးရီးယားအသင်းက ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။
အခုနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် တပွဲမှ ပွဲထွက်ခွင့်မရခဲ့ဘဲ ဖလားပွဲစဉ် ၅ ပွဲမှာပဲ ပွဲထွက်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။