သေဆုံးနှုန်းအများဆုံး ရောဂါ ၃ မျိုးတွင် နှလုံးသွေးကြောကျဉ်းရောဂါ ပါဝင်

ကမ္ဘာပေါ်မှာ သေဆုံးနှုန်း အများဆုံးရောဂါ ၃ မျိုးထဲမှာ နှလုံးသွေးကြောကျဉ်းရောဂါ ပါဝင်နေတယ်လို့ ဒီကနေ့ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှာ ကျင်းပတဲ့ နှလုံးသွေးကြောကျဉ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲက သိရပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သွေးကြောပိတ်ရောဂါကြောင့် နှစ်စဉ် အမျိုးသားတွေမှာ ၂၅ ဒသမ ၄ ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေက ၂၅ ဒသမ ၅ ရာခိုင်နှုန်း သေဆုံးနေတယ်လို့ ဆိုပါတယ်။ နှလုံးသွေကြောကျဉ်းရောဂါဟာ မိသားစု မျိုးရိုးအလိုက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြစ်တတ်သလို  ဆေးလိပ်သောက်သူတွေ၊ ကွမ်းစားတဲ့သူတွေ၊ သွေးတိုးရောဂါရှိသူတွေနဲ့ သွေးချို၊ ဆီးချို ရောဂါရှိသူတွေမှာလည်း ဖြစ်ပွားတတ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါဆိုင်ရာ အသိပညာပေး ဟောပြောပွဲကိုတော့ အာရှတော်ဝင်ဆေးရုံက ဦးဆောင်ကျင်းပတာဖြစ်ပြီး နှစ်စဉ် ဧပြီလရောက်တိုင်း မြန်မာအပါအဝင် နိုင်ငံပေါင်း ၅၄ နိုင်ငံမှာ ကျင်းပလေ့ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up