စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ‘AVENGERS: ENDGAME’ တကမ္ဘာလုံး ရုံတင်ငွေ စံချိန်တင်ရ

နာမည်ကျော် အမေရိကန် စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား 'AVENGERS: ENDGAME' ဟာ  တကမ္ဘာလုံးမှာ ရုံတင်ငွေ စံချိန်တင် ရနေပါတယ်။ အဲဒီရုပ်ရှင်ဇာတ်ကားဟာ အမေရိကန် တနိုင်ငံတည်းမှာတင် ပထမဆုံး ရုံတင်တဲ့ ဧပြီ ၂၆ ရက် တရက်တည်းမှာတင် အမေရိကန်ဒေါ်လာ ၁၅၆ သန်းကျော် ရခဲ့ပါတယ်။ ENDGAME ရုပ်ရှင်ဇာတ်ကားဟာ အမေရိကန်မှာသာမက တကမ္ဘာလုံးမှာ စုစုပေါင်း ရုံတင်ငွေ ၁ ဒသမ ၂ ဘီလျံ ရထားပြီး ၂၀၁၉ ခုနှစ်အတွင်း လက်ရှိအချိန်ထိ ရုံတင်ငွေ အများဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မာဗယ်ကာတွန်းဇာတ်ကောင်တွေကို အခြေခံထားတဲ့ နာမည်ကျော် စူပါဟီးရိုးတွေကို စုစည်းပြီး ၂၀၁၂ ခုနှစ်မှာ The Avengers ဇာတ်ကား ထွက်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ Avengers : Age of Ultron နဲ့ ၂၀၁၈ ခုနှစ်မှာ Avengers Infinity War တို့ နောက်ဆက်တွဲကားတွေ ထွက်လာခဲ့ပြီး နောက်ဆုံးမှာ 'AVENGERS: ENDGAME'  ထွက်လာခဲ့တာပါ။ အဲဒီရုပ်ရှင်ဇာတ်ကားကို မာဗယ်စတူဒီယိုက ရိုက်ကူးထုတ်လုပ်ပြီး ဝေါ့ဒစ်စနေးက ဖြန့်ချိပါတယ်။

More News
Up