ဘာစီလိုနာအသင်း စပိန် လာလီဂါ ချန်ပီယံဆုကို ၂၆ ကြိမ်မြောက် ဆွတ်ခူး

ဓာတ်ပုံ - Getty Images
1.5K
ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါ ချန်ပီယံဆုနဲ့အတူ စနေနေ့က အောင်ပွဲခံခဲ့ပါတယ်။
အဲဒီနေ့ပွဲစဉ်မှာ လီဗန်တေးကို တိုက်စစ်မှူး မက်ဆီ သွင်းတဲ့ တဂိုးတည်းနဲ့ နိုင်ပြီး ပွဲမကုန်ခင်မှာ ချန်ပီယံဆုကို စောစောစီးစီး ဆွတ်ခူးသွားတာပါ။
အိမ်ကွင်းမှာ ဘာစီလိုနာအသင်းဟာ ချန်ပီယံဆုကို လက်ခံပြီး ပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။
ဘာစီလိုနာဟာ လက်ကျန် ၃ ပွဲ ကျန်ပေမယ့်လည်း ကစားပြီးတဲ့ ၃၅ ပွဲမှာ ၈၃ မှတ်နဲ့ ဒုတိယနေရာက အက်သလက်တီကိုမက်ဒရစ်ကို ၉ မှတ်ဖြတ်ပြီး ချန်ပီယံဖြစ်သွားတာပါ။
အခုရတဲ့ ချန်ပီယံဆုဟာ ဘာစီလိုနာအတွက် ၁၁ နှစ်အတွင်းမှာ ၈ ကြိမ်မြောက်ရတဲ့ ဆုဖလား ဖြစ်ပါတယ်။
အသင်းသက်တမ်းတလျှောက်မှာတော့ အခုရတဲ့ ချန်ပီယံဆုဟာ ၂၆ ကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။