A d v e r t i s e m e n t With Us

လူ ၁ ဦးသေဆုံးခဲ့သည့် အမေရိကန် ဘုရားကျောင်း ပစ်ခတ်မှု သံသယရှိသူကို ရဲတပ်ဖွဲ့ ဖော်ထုတ်

ဓာတ်ပုံ - AFP/Getty Images
အမေရိကန်နိုင်ငံ စန်တီယာဂိုမြို့က ဗရင်ဂျီ ဘုရားကျောင်းမှာ လူတယောက်သေပြီး သုံးယောက် ဒဏ်ရာရတဲ့ ပစ်ခတ်မှုအတွက် သံသယရှိသူ သေနတ်သမားကို ရဲတွေက ဖော်ထုတ်နိုင်ပြီလို့ ရိုက်တာသတင်းဌာနက ဧပြီ ၂၈ ရက်မှာ ကြေညာပါတယ်။ သေနတ်သမားဟာ ဧပြီ ၂၇ ရက်က ဥပုသ်သည်တွေ ပြည့်နေတဲ့ ဘုရားကျောင်းထဲ ဝင်လာပြီး တိုက်ခိုက်ရေးရိုင်ဖယ် သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။ ဒါကြောင့် အမျိုးသမီးတယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရပါတယ်။ ဒါဟာ အမုန်းတရားအခြေပြု ရာဇဝတ်မှုလို့ အာဏာပိုင်တွေက ပြောပါတယ်။ သံသယရှိသူဟာ စန်တီယေဂိုမြို့သား အသက် ၁၉ နှစ်အရွယ် ဂျွန်အားနက်စ် ဆိုသူ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။ သူဟာ အခင်းဖြစ်ရာ နေရာကနေ ကားနဲ့ ထွက်ပြေးခဲ့တယ်၊ မကြာခင်မှာ ရဲတွေက ဝိုင်းမိအပြီး အဖမ်းခံခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ လွန်ခဲ့တဲ့ တလလောက်က အနားက ဗလီတလုံး မီးရှို့ခံရမှုမှာလည်း ပါဝင်မယ့် ဖြစ်နိုင်ချေ ရှိလို့ ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို FBI နဲ့ ရဲတွေက စုံစမ်း စစ်ဆေးနေတယ်လို့ စန်တီယေဂိုမြို့ ငြိမ်ဝပ်ပိပြားရေးအရာရှိ ဘီလ်ဂိုးက ပြောပါတယ်။ သေနတ်သမားက တခြား ဒစ်ဂျစ်တယ် သက်သေတွေနဲ့အတူ လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ ကြေညာစာတမ်း တခုကိုလည်း စုံစမ်းစစ်ဆေးသူတွေ စစ်ဆေးနေတယ်လို့ သူက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up