A d v e r t i s e m e n t With Us

အာဆင်နယ်အသင်းနှင့် မထိုက်တန်သည့် ကစားသမား ၁၀ ဦးခန့်ရှိဟု ဆိုးလ်ကမ့်ဘဲလ် ပြော

အာဆင်နယ်အသင်းနဲ့ မထိုက်တန်တဲ့ ​​ကစားသမား ၁၀ ဦးလောက်အထိ ရှိတယ်​လို့ ကစားသမား​ဟောင်း ဆိုးလ်ကမ့်ဘဲလ်က ​ပြောကြားသွားပါတယ်​။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၅ နေရာမှာ ရပ်တည်နေတာပါ။ အာဆင်နယ်အသင်းအနေနဲ့ ခရစ္စတယ်ပဲလေ့စ်၊ ဝုဗ်နဲ့ လက်​စတာအသင်းတွေကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး ကစားသမား အများစုဟာ အာဆင်နယ်အသင်းဂျာစီနဲ့ မထိုက်တန်တဲ့သူတွေ ဖြစ်တယ်လို့ နောက်ခံကစားသမားဟောင်း ဆိုးလ်ကမ့်ဘဲလ်က ဝေဖန်ပြောကြားသွားပါတယ်။ The Sun သတင်းစာနဲ့ အင်တာဗျူးမှာ အာဆင်နယ်အသင်းနဲ့ ပတ်သက်ပြီး ဆိုးလ်ကမ့်ဘဲလ်က “အာဆင်နယ်အသင်းမှာ ကစားသမား ၁၀ ဦးလောက်က လုံလောက်တဲ့ ခြေစွမ်း မရှိဘူးလို့ ထင်ပါတယ်။ သူတို့ကို အမှန်တကယ် စောင့်ကြည့်ပြီးတော့ ရောင်းထုတ်ဖို့ လိုအပ်နေတဲ့ ကစားသမား ၁၀ ဦးလောက်ရှိပါတယ်။ ပရိသတ်တွေကတော့ အဲဒီကစားသမား တွေရဲ့ ဂျာစီနောက်က နာမည်ကို ထုတ်ဖော်ပြောဖို့ လိုအပ်မယ်မထင်ပါဘူး” လို့ ဆိုးလ်ကမ့်ဘဲလ်က ပြောကြားသွားပါတယ်။ ဆိုးလ်ကမ့်ဘဲလ်ဟာ အာဆင်နယ်အသင်း ရှုံးပွဲမရှိ ချန်ပီယံ ဖြစ်ခဲ့တဲ့ ၂၀၀၃-၂၀၀၄ ခုနှစ်မှာ အဓိကနောက်ခံလူအဖြစ် ခြေစွမ်းပြခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ မက်စ်လက်စ်ဖီးလ် အသင်းမှာ နည်းပြအဖြစ် တာဝန်ယူနေတာပါ။ အာဆင်နယ်အသင်းအနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားတွေကို ရောင်းထုတ်ဖို့ လိုအပ်သလို ကစားသမားကောင်းတွေကိုလည်း ဝယ်ယူပြီး ပြုပြင်ပြောင်းလဲသွားဖို့ လိုအပ်နေတယ်လို့ ဆိုးလ်ကမ့်ဘဲလ်က ယုံကြည်နေပါတယ်​။

A d v e r t i s e m e n t With Us

More News
Up