ဆန္ဒထုတ်ဖော်ပွဲ ခွင့်ပြုချက် မရပါက ကော်မတီကို တိုင်ကြားနိုင်
DVB
·
October 30, 2012
ဆန္ဒထုတ်ဖော်ပွဲလုပ်ဖို့ ခွင့်ပြုချက်လည်း မရ၊ အယူခံဝင်လို့လည်း ခွင့်မပြုဘူး ဆိုခဲ့ရင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီကို တိုင်ကြားနိုင်ကြောင်း ကော်မတီဝင် ဦးသိန်းညွန့်က ဒီဗွီဘီ ကို ပြောပါတယ်။
တည်ဆဲဥပဒေ ၃၉၆ ခု စလုံးဟာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီနဲ့ သက်ဆိုင်တဲ့အတွက် ဥပဒေမှာ ပြဋ္ဌာန်းထားပြီးဖြစ်တဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နဲ့ ပတ်သက်လို့ ပြည်သူတွေ အခက်အခဲ ဖြစ်နေတာဟာလည်း ကော်မတီနဲ့ သက်ဆိုင်တယ်လို့ သူက ရှင်းပြပါတယ်။
တိုင်ကြားစာတွေ ရောက်လာတဲ့အခါ ကော်မတီအနေနဲ့ ဘယ်လိုလုပ်ကိုင် ဆောင်ရွက်ပေးနိုင်မလဲဆိုတာ အစည်းအဝေးထိုင် ဆုံးဖြတ်ပေးမယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။