A d v e r t i s e m e n t With Us

အစ္စရေးက ဆီးရီးယားအကျဉ်းသား ၂ ဦးကို ပြန်လွှတ်ပေး

ဓာတ်ပုံ - Amit Magal
ရုရှားရဲ့ ကြားဝင်စေ့စပ်မှုအရ အစ္စရေးက ဆီးရီးယားအကျဉ်းသား နှစ်ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဧပြီ ၂၈ ရက်နေ့က လွတ်လာတဲ့ အကျဉ်းသားတွေ မိသားစုနဲ့ ပြန်ဆုံတွေ့ကြတဲ့ ဗွီဒီယိုဖိုင်ကို ဆီးရီးယားရဲ့ SANA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အစ္စရေးအစိုးရဟာ ဧပြီ ၂၈ ရက်နေ့က ဆီးရီးယားအကျဉ်းသား နှစ်ယောက်ကို ပြန်လွှတ်ပေးပြီး ဆီးရီးယားနိုင်ငံကို ပြန်ပို့ပေးခဲ့ပါတယ်။ ဒါဟာ အချိန်အတော်ကြာ ပျောက်ဆုံးနေတဲ့ အစ္စရေးစစ်သားတယောက်ရဲ့ အလောင်းကို ဆီးရီးယားအစိုးရက ပြန်ပို့ပေးခဲ့တာကြောင့် အစ္စရေးဘက်လည်း ဆီးရီးယားအကျဉ်းသား နှစ်ယောက်ကို ပြန်လွှတ်ပေးခဲ့တာပါ။ အဲဒီကိစ္စမှာ ရုရှားက ကြားဝင်ညှိနှိုင်းပေးခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်က စစ်ပွဲအပြီး ပျောက်ဆုံးခဲ့တဲ့ အစ္စရေးစစ်သား ဇက်ကာရီ ဘာယူမယ်ရဲ့ ရုပ်ကြွင်းကို အစ္စရေးနိုင်ငံဆီကို ပြန်ပို့ပေးခဲ့တာပါ။ အဲဒီနောက် အစ္စရေးက ဖမ်းဆီးထားတဲ့ ဆီးရီးယားအကျဉ်းသား နှစ်ယောက်ကို ပြန်လွှတ်ပေးရေး ညှိနှိုင်းပေးဖို့ ဆီးရီးယားအစိုးရက ရုရှားကို ဖိအားပေးခဲ့တယ်လို့ ဆီးရီးယားအစိုးရ သတင်းရင်းမြစ်တခုကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ဆီးရီးယား ဂိုလန်ကုန်းမြင့်ဒေသရဲ့ စစ်ရေးကင်းမဲ့ဇုန် ကန်နီထရာမြို့က နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ဆီ အကျဉ်းသားနှစ်ယောက်ကို လွှဲပေးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up