A d v e r t i s e m e n t With Us

ကနေဒါနိုင်ငံ အရှေ့ပိုင်းဒေသများတွင် ရေကြီးရေလျှံမှု ဆိုးဆိုးရွားရွားဖြစ်နေ

ကနေဒါနိုင်ငံမှာ မြို့တော် အော့တဝါ အပါအဝင် နိုင်ငံအရှေ့ပိုင်းဒေသတွေမှာ ဆိုးဆိုးရွားရွား ရေကြီး ရေလျှံနေပါတယ်။ ဒါ့အပြင် မိုးများတာကြောင့် အော့တဝါမြစ်လည်း ရေမျက်နှာပြင် တဖြည်းဖြည်း မြင့်တက်နေပါတယ်။ မွန်ထရီရယ်ဒေသမှာ ရာသီဥတု အခြေအနေ တည်ငြိမ်သွားပေမယ့် နောက်ထပ် ရေကြီးနိုင်တဲ့ အန္တရာယ် ရှိသေးတယ်လို့ မြို့တော်ဝန် ဗယ်လဲရီး ပလန်တီက ဧပြီ ၂၈ ရက်နေ့မှာ သတိပေး ပြောဆိုပါတယ်။ အခုနှစ်မှာ ၂၀၁၇ ခုနှစ်က ရေမျက်နှာပြင် မြင့်တက်မှုနှုန်းထက် ၁ ဒသမ ၆ ပေကျော် ပိုမြင့်မယ်လို့ ခန့်မှန်းရကြောင်း အော့တဝါ တာဝန်ရှိသူတွေက သတင်းထောက်တွေကို ဧပြီ ၂၆ ရက်က ပြောခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် နွေဦးကာလအတွင်း အွန်တေရီယိုနဲ့ ကွိဘတ်ပြည်နယ်တို့မှာ ရေကြီးတာကြောင့် အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော်ဖိုး ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ ကွိဘက်မှာ ရေကြီးလို့ အိမ် ၅၅၀၀ ကျော် ရေမြုပ်ခဲ့ပြီး လူအယောက် တထောင်ကျော်ကို ဘေးကင်းရာ ရွှေ့ပေးခဲ့ရပါတယ်။ ရေတက်လာချိန် ရေစီးနဲ့ မျောပါသွားတဲ့ ကားတစီးပေါ်က အမျိုးသမီးတယောက်လည်း သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up