A d v e r t i s e m e n t With Us

ကေအန်ယူ ဗဟိုကော်မတီအစည်းအဝေး မနက်ဖြန် စတင်ကျင်းပမည်

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ နှစ်ပတ်လည် ဗဟိုကော်မတီ ပုံမှန်အစည်းအဝေးကို ကေအန်ယူ တပ်မဟာ ၇ နယ်မြေမှာ အောက်တိုဘာ ၃၁ ရက်နေ့ကစပြီး  သီတင်းတပတ်ကြာလောက် ကျင်းပဖို့ ရှိနေပါတယ်။ ဒီအစည်းအဝေးမှာ လက်ရှိဆောင်ရွက်နေတဲ့ ကေအန်ယူနဲ့ အစိုးရအကြား ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ဆွေးနွေးဖို့ရှိပြီး  နိုင်ငံရေး အစီအရင်ခံစာတွေ တင်သွင်းဖို့ ရှိတယ်လို့ ကေအန်ယူ ဗဟိုကော်မတီဝင်တဦးက ပြောပါတယ်။ ဒီအစည်းအဝေးမှာ ကျန်းမာရေးမကောင်းသူတွေကလွဲပြီး မကြာသေးခင်ကမှ  တာဝန်ပြန်လည်ခန့်အပ်ခံရတဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူတူးစေးဖိုး အပါအ၀င် ဗဟိုကော်မတီဝင် ၄၀ ကျော်လောက် တက်ရောက်မယ်လို့ ကေအန်ယူက မျှော်လင့်ထားပါတယ်။ မူဝါဒဆိုင်ရာ အပြောင်းအလဲတွေနဲ့ ရာထူးနေရာသစ်တွေ ပြန်လည်ရွေးချယ်မယ့် ၁၅ ကြိမ်မြောက် ကေအန်ယူ အမျိုးသားကွန်ဂရက်ကိုတော့ ဒီနှစ်မကုန်ခင် ကျင်းဖို့ အစီအစဉ်ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up