
ပြောင်းစိုက်တောင်သူတချို့ကတော့ ဆေးဖြန်းဖို့ မတတ်နိုင်တဲ့အတွက် ပိုးကျပေမယ့် ဆေးမဖြန်းဘဲ ဒီအတိုင်းထားသူတွေလည်း ရှိပါတယ်။
နောင်ကျောကျေးရွာအုပ်စုအတွင်း နောင်အယ်၊ ထီဖူး၊ ပုံလောင်းကျေးရွာအကြား ရေခြံမှာ စိုက်ပျိုးတဲ့ပြောင်း ဧက ၁၄၀ ကျော်ရှိပြီး ခြံတိုင်းလိုလိုမှာ ပိုးကျနေတယ်လို့ သိရပါတယ်။
အပင်တိုင်ပေါ်မှာ ပိုးကောင်တွေ ခိုအောင်းပြီး ပြောင်းပင်ကို ဖျက်ဆီးစားသောက်ကြတာကြောင့် ပြောင်းဖူးပင်တွေ အကုန်ပျက်စီးကုန်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း အလားတူ ငမြှောင်တောင်ပိုးကျရောက်ဖူးပြီး ဒီပိုးဟာ နှိမ်နင်းရအခက်ဆုံးပိုး ဖြစ်တယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။
သတင်း- ခွန်ရာဇာ