မန်ချက်စတာယူနိုက်တက်နှင့် ချဲလ်ဆီး ၁ ဂိုးစီ သရေကျ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ဟာ ဂိုးသမား ဒီဂီယာရဲ့ အမှားကြောင့် သရေတမှတ်ပဲ ရယူနိုင်ခဲ့ပါတယ်။ မန်ယူက ပွဲအစ ၁၁ မိနစ်မှာပဲ ကွင်းလယ်လူ မာတာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ချဲလ်ဆီးအတွက် ချေပဂိုးကို ၄၃ မိနစ်မှာ အလွန်ဆိုက သွင်းယူပါတယ်။ ဒီပွဲဟာ နှစ်သင်းစလုံး အဆင့် ၄ ဝင်ရေးအတွက် အရေးပါတဲ့ပွဲဖြစ်လို့ အကြိတ်အနယ် ရှိခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူက ချဲလ်ဆီးဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ထိုးဖောက်ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။ ချဲလ်ဆီး ကွင်းလယ်ကစားသမား ဟာဇက် ဒီပွဲမှာ ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ ဒီပွဲသရေကျလို့ မန်ယူရဲ့ အဆင့် ၄ ဝင်ရေး မျှော်လင့်ချက်တွေ မှေးမှိန်သွားပါတယ်။ လတ်တလော အမှတ်ပေးဇယားမှာ ချဲလ်ဆီးက ၆၈ မှတ်နဲ့ အဆင့် ၄၊ မန်ယူက ၆၅ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။

More News
Up