A d v e r t i s e m e n t With Us

လေဆင်နှာမောင်းကို အမိအရ ရိုက်ကူးမှတ်တမ်းတင်နိုင်ခဲ့သည့် တက္ကဆက်သား (ရုပ်သံ)

တက္ကဆက်ပြည်နယ် ဘရိုင်ယန်မြို့မှာပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်က လေဆင်နှာမောင်း တိုက်ခတ်ခဲ့ပြီး ဒီဖြစ်ရပ်ကို မိုက်ကယ်ဒေးဗစ်ဘလက်ဆိုသူက အမိအရမှတ်တမ်းတင် ဗွီဒီယို ရိုက်ကူးနိုင်ခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်ပေါ်ထွက်လာတဲ့ ဗွီဒီယိုဖိုင်မှာ လေဆင်နှာအောင်းဟာ တိမ်တွေရဲ့ အောက်ခြေကနေ ပေါ်ထွက်လာပြီး မြေပြင်ကိုရောက်ရှိလာကာ ပြန်လည်ပျောက်ကွယ်သွားခဲ့ တာကို အထင်အရှားမြင်တွေ့ခဲ့ရပါတယ်။ “လေဆင်နှာမောင်းမုန်တိုင်းရဲ့လားရာ ကျနော်ကြိုသိနေ ယ်လို့ထင်ပါတယ်။ ဒါ့ကြောင့် ကျနော်ဟာ ကျနော့်ရဲ့ ဘေးကင်းရေးအတွက်ကို စိတ်မပူဘဲ ဒီလိုမျိုး စွန့်စွန့်စားစားရိုက်ကူးခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ဒီအတွေ့အကြုံကို ကျနော်မေ့နိုင်တော့မှာ မဟုတ်ပါဘူး” လို့လည်း ဒေးဗစ်ဘလက်ကပြောပါတယ်။ ဒေသတွင်း သတင်းတွေမှာ ဒီလေဆင်နှာမောင်းကြောင့် အဆောက်အဦအချို့ ပျက်စီးခဲ့တယ်လို့သိရပြီး ဒဏ်ရာရသူတော့ မရှိဘူးလို့ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up