ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ မန္တလေးတွင် ကျင်းပ

၂၀၁၉ ခုနှစ်အတွက် ၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကို ဒီနေ့ မန္တလေးမှာ ကျင်းပနေပါတယ်။ ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ (MDCD) က ရရှိခဲ့တာပါ။ ပြည်သူ့ဂုဏ်ရည် (အထူးဆု) ဆုရှင်တွေအဖြစ် ကချင်တိုင်းရင်းသူ မဆွတ်ဆိုင်းထွယ်၊ ဒုရဲမှူးဟောင်း မိုးရန်နိုင်၊ ဆရာမ ဒေါ်အိအိညိမ်းနဲ့ Clean Yangon Campaign တို့က အသီးသီးရရှိခဲ့ပါတယ်။ ပြည်သူ့ဂုဏ်ရည်အသင်းကို အမေရိကန်ပြည်ထောင်စုမှာရှိကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာမှာ ရောက်နေကြတဲ့ တခြား မြန်မာပြည်ဖွား တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး မြန်မာပြည်မှာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူ တွေကို နှစ်စဉ်ရွေးချယ်ပြီး ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်နေတာပါ။ ပြည်သူ့ဂုဏ်ရည်ဆုကို ၂ဝ၁ဝ ခုနှစ်ကစလို့ ရွေးချယ်လာခဲ့တာဖြစ်ပြီး ဒီနှစ်ပါနဲ့ဆိုရင် ၁၀ ကြိမ်မြောက် ရှိသွားပြီ ဖြစ်ပါတယ်။ ထိန်ထိန်လင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up