ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနှင့် အကောင်းဆုံးလိဂ်ဟု အာဆင်နယ်နည်းပြပြော

ဖြတ်သန်းဖူးသမျှ လိဂ်တွေထဲမှာ ပရီးမီးယားလိဂ်ဟာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနဲ့ အကောင်းဆုံးလိဂ်တခုဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အူနိုင်းအန်မရီက ပြောကြားလိုက်ပါတယ်။ အူနိုင်းအန်မရီဟာ စပိန်မှာ ဆီဗီလာ၊ ပြင်သစ်မှာ ပီအက်စ်ဂျီအသင်းတို့ကို နည်းပြလာခဲ့သူဖြစ်ပါတယ်။ အန်မရီက စပိန်ကလပ်တွေဟာ နည်းစနစ်ပိုင်းကို အသားပေးပြီး ပြင်သစ်ကလပ်တွေဟာ ကြံ့ခိုင်မှုအပိုင်းကို အသားပေးပေမယ့် အင်္ဂလန်မှာတော့ နည်းစနစ်ပိုင်းရော ကြံ့ခိုင်မှုပိုင်းကိုပါ အသားပေးတာကြောင့် ပိုပင်ပန်းတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အလုပ်မှာ ပျော်ရွှင်နေသလို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ မျှော်လင့်တယ်လို့ အူနိုင်းအန်မရီက ပြောပါတယ်။

More News
Up