Home
မြန်မာသတင်း
သိမ်းဆည်းမြေလျော်ကြေးပေးပြီး လုပ်ငန်းရှင်များထံ ပြန်ရောင်းမည်ဟု ဦးဖြိုးမင်းသိန်းပြော
ပြည့်ဖြိုးကျော်
·
April 28, 2019
အစိုးရက သိမ်းထားတဲ့မြေတွေကို လျော်ကြေးငွေကျပ် ၄၀ ဘီလီယံ ထုတ်ပေးဖို့ရှိပြီး အဲဒီမြေတွေကို စီးပွားရေးလုပ်ငန်းရှင်တွေဆီ ပြန်လည်ရောင်းချသွားမယ်လို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ပြောပါတယ်။ ရန်ကုန်မြို့မှာ အစိုးရက သိမ်းထားတဲ့ လယ်မြေတွေကို ပြန်ရောင်းချတော့မှာ ဖြစ်တာ ကြောင့် အမှန်တကယ် စီးပွားရေးလုပ်ချင်သူတွေကိုပဲ စိစစ်ရောင်းချပေးမယ်လို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ဒုသမ္မတနဲ့ လုပ်ငန်းရှင်တွေ ပုံမှန်တွေ့ဆုံပွဲမှာ ပြောဆိုပါတယ်။ ဒါ့အပြင် မြေရောင်း ချတာတွေနဲ့ မြေလျော်ကြေးပေးတာတွေကို စနစ်တကျဆောင်ရွက်ဖို့ မြေယာကော်မတီတခုကို တိုင်းအစိုးရက ဖွဲ့စည်းပေးထားတယ်လို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးမြင့်က “မြေတွေရောင်းပေးမယ်ဆိုပေမယ့် အခြေခံ အဆောက်အအုံမရှိတဲ့ မြေတွေဆိုရင် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ဖို့ အခက်အခဲရှိပြီး အခွန်ဆောင်ရတဲ့ ပမာဏတွေနဲ့ စီးပွားရေးကျဆင်းနေတာတွေကြောင့် အိမ်ခြံမြေ ဈေးကွက်ဟာ အရောင်းအ၀ယ်အေးနေတယ်” လို့ ဆိုပါတယ်။ ရန်ကုန်မြို့မှာ အစိုးရပိုင်ဆိုင်တဲ့မြေ ပမာဏဟာ ၇၀ ရာခိုင်နှုန်း ၀န်းကျင်ရှိနေတယ်လို့ ဂျပန်နိုင်ငံ JICA အဖွဲ့ရဲ့ သုတေသနစစ်တမ်းအရ သိရပါတယ်။ အစိုးရပိုင်မြေတွေကို မကြာခင်ထုတ်ရောင်းဖို့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024