A d v e r t i s e m e n t With Us

မြန်မာအမျိုးသမီးအသင်းနှင့်သြစတြေးလျအသင်း ယနေ့ည ၇ နာရီ ယှဉ်ပြိုင်မည်

မြန်မာယူ-၁၉ အမျိုးသမီးအသင်းဟာ အာရှခြေစစ်ပွဲ အောင်မြင်ဖို့အတွက် အရေးကြီးတဲ့ ပွဲစဉ်အဖြစ် အာရှထိပ်သီး သြစတြေးလျ အသင်းနဲ့ မန္တလာသီရိကွင်းမှာ ဒီနေ့ည ၇ နာရီ ကစားမှာ ဖြစ်ပါတယ်။ AFC U-19 Women's Championship Thailand 2019 qualifiers အာရှယူ-၁၉ အမျိုးသမီး ခြေစစ်ပွဲ ဒုတိယအဆင့်မှာ တအုပ်စုကို နှစ်သင်းစီ ခြေစစ်ပွဲအောင်မြင်မှာပါ။ ပြိုင်ပွဲစည်းမျဉ်းကတော့ အသင်းချင်း ထိပ်တိုက်တွေ့ဆုံမှု ရလဒ် Head to head ကို ဦးစားပေး ဆုံးဖြတ်မှာဖြစ်ပြီး Head to head တူညီနေရင်တော့ ဂိုးကွာခြားချက်နဲ့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ မြန်မာယူ-၁၉ အမျိုးသမီး အသင်းဟာ အုပ်စုအဖွင့်ပွဲမှာ အုပ်စုတက်ရေးအတွက် အဓိကပြိုင်ဘက် ဖြစ်လာနိုင်တဲ့ ဥဇဘတ်ကစ္စတန်ကို ၁-၀ ဂိုးနဲ့ အနိုင်ရထားလို့ ခြေစစ်ပွဲအောင်မြင်ဖို့ အခွင့်အရေး ရှိနေတာပါ။ ဒီပွဲစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် Host Broadcaster ဖြစ်တဲ့ My Sport၊  Eleven Broadcasting က Facebook Live တိုက်ရိုက်ထုတ်လွင့် ပြသမည်ဖြစ်ပြီး Fortune TV (Free to Air) မှလည်း တိုက်ရိုက်ထုတ်လွင့် ပေးသွားမယ်လို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up