ခရီးသည်တင်မှန်လုံယာဉ်က အမြန်လမ်း တိုးဂိတ်ကို ၀င်တိုက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်းမကြီး၊ အမှတ်(၃)တိုးဂိတ် တိုးဂိတ်ငွေကောက်ခံတဲ့ အခန်းကို ခရီးသည်တင်ယာဉ်တစီးက ဒီနေ့မနက်  ၆ နာရီ ၁၅ မိနစ်လောက်မှာ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ပြီး ၁ ဦး ဒဏ်ရာရတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်ကို အောင်ဖြိုးမင်း မောင်းနှင်လာတဲ့ ခရီးသည်တင် မှန်လုံယာဉ်က  အရှိန်မထိန်းနိုင်ဘဲ အမှတ် (၃) တိုးဂိတ် LANE 7 ငွေကောက်ခံတဲ့အခန်းကို ဝင်ရောက်တိုက်မိခဲ့တာပါ။ တိုးဂိတ်ငွေကောက်ခံတဲ့ အခန်းအတွင်းရှိ ကျော်ကျော်နိုင် ၁၉ နှစ်မှာ ဒဏ်ရာရခဲ့ပါတယ်။ တိုးဂိတ်အား ၀င်ရောက်တိုက်ခဲ့တဲ့ ယာဉ်မောင်းအောင်ဖြိုးမင်းကို အမှတ် (၃) လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ ဖြင့် အရေးယူထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up