A d v e r t i s e m e n t With Us

ပြင်သစ်ဖလားဗိုလ်လုပွဲတွင် ရမ်းနက်စ်က နာမည်ကြီး ပီအက်စ်ဂျီကို အနိုင်ရ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပြင်သစ်ဖလား ဗိုလ်လုပွဲစဉ်မှာ ရမ်းနက်စ်အသင်းက နာမည်ကြီး ပီအက်စ်ဂျီကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။ ပွဲကစားချိန် မိနစ် ၉၀ အတွင်းမှာ တဖက် ၂ ဂိုးစီနဲ့ သရေကခဲ့ပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီက အဓိက ကစားသမားတွေနဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားပါတယ်။ တဖတ်သတ် အသာစီးနဲ့ ကစားနိုင်သလို ဂိုးပေါက် ကန်သွင်းခွင့် ၁၂ ကြိမ် ရပြီး ၂  ဂိုးပဲ ဂိုးဝင်ခဲ့ပါတယ်။ ရမ်းနက်စ်က ကန်သွင်းခွင့် ၂ ကြိမ်ပဲရပြီး ၂ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ မိနစ် ၉၀အထိ ၂ ဂိုးစီ သရေကျနေလို့ အချိန်ပိုနဲ့ ပင်နယ်တီအထိ ဆက်ခဲ့ရပါတယ်။ ပင်နယ်တီ အဆုံးအဖြတ်မှာ ရမ်းနက်စ်အသင်းက ၆ ဂိုး ၅ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ရမ်းနက်စ်အသင်းအတွက်တော့ ၁၉၇၁ ခုနှစ် နောက်ပိုင်းမှာ ပထမဆုံးအနေနဲ့ ပြင်သစ်ဖလားကို ရယူနိုင်တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up