တောင်ကြီးမြို့တွင် ၄ လောင်းပြိုင် လူသတ်မှုဖြစ်ပွား
DVB
·
April 28, 2019
တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ် (၁၁၈) နေအိမ် (မြင်းဖြူ နှစ်ကောင်ဆေးတိုက်) မှာ ဧပြီ ၂၈ ရက်က ၄ လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။
မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက် သို့ အလုပ်လုပ်ဖို့ အလုပ်သမား မနန်းပြည့် ရောက်လာတဲ့အချိန်မှာ နေအိမ်အောက်ထပ်မှာ သေနေတဲ့ အမျိုးသားတဦးကိုမြင်ပြီး သက်ဆိုင်ရာကို အကြောင်ကြားရာမှ သိရှိရကြောင်း ရဲတပ်ဖွဲ့ ပြောပါတယ်။
မှုခင်းဖြစ်ပွားတဲ့ နေရာကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာအဖွဲ့စုံက လာရောက် စစ်ဆေးမှုပြုလုပ်ပြီး အလောင်းတွေကို စဝ်စံထွန်း ဆေးရုံပို့ဆောင်ခဲ့ပါတယ်။
“တရားခံဖမ်းဆီးရမိဖို့ ဆက်လက်စုံစမ်းနေပါတယ်။ အသေးစိတ်ကို စစ်ဆေးနေတယ်”လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးခင်မောင်ဦးက ပြောပါတယ်။
သေဆုံးသူမှာ မိသားစုဖြစ်တဲ့ စိုင်းဆေမွန်း၊ နန်းခမ်းလှိုင်၊ သား မောင်ဖဖ အသက်(၇)လနဲ့ အလုပ်သမား မအေးမိုး ၁၇ နှစ်တို့ ဖြစ်တယ်လို့သိရပါတယ်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တောင်ကြီးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အောင်နိုင်ဝင်းက တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(က) နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ခွန်ရာဇာ