A d v e r t i s e m e n t With Us

စဥ့်ကူးတွင် ကျောက်နှင့်မြေစာပြိုကျ၊ တရုတ်နိုင်ငံသားအပါအ၀င် ၂ ဦးသေဆုံး

မန္တလေးတိုင်း စဥ့်ကူးမြို့နယ်၊ ရွှေသတ္တုတူးဖော်ရေးအင်းအတွင်းမှာ ကျောက်နဲ့ မြေစာပြိုကျပိမိပြီး တရုတ်နိုင်ငံသား ၁ ဦးနဲ့ မြန်မာနိုင်ငံသား ၁ ဦးတို့ သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၂၇ ရက်နေ့ မနက် ၁၀ နာရီခွဲက စဥ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာရှိ ထက်ရည်လင်း ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီလုပ်ကွက်အမှတ် (SGU-1A) အတွင်း တရုတ်နိုင်ငံသား Liu Diahing (၄၆) နှစ်၊ စကားပြန် ဝဏ္ဏအောင် (၃၂) နှစ်နဲ့ ဇော်မင်း(၃၄) နှစ်တို့ ၃ ဦး လုပ်ငန်းဆောင်ရွက်ဖို့ အင်းအတွင်းဆင်းရာ ၅၆ ပေလောက် အရောက်မှာ အပေါ်နံရံက ကျောက်နဲ့ မြေသားတွေ ပြိုကျခဲ့တာပါ။ ကျောက်နဲ့ မြေသားများပြိုကျမှုကြောင့် ဝဏ္ဏအောင်မှာ ထိခိုက်ဒဏ်ရာ မရဘဲ ဇော်မင်း ကတော့ ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့လို့ ကျည်တောက်ပေါက်တိုက်နယ်ဆေးရုံ ပို့ဆောင်ခဲ့ပါတယ်။ တရုတ်နိုင်ငံသားကတော့ ဝဲနဖူးပွန်းပဲ့ဒဏ်ရာနဲ့ သတိမေ့နေလို့ မန္တလေးဆေးရုံကြီး ပို့ဆောင်စဉ် မတ္တရာမြို့နယ်အနီးမှာ သေဆုံးသွားခဲ့ပြီး မန္တလေးဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ လူ ၃ ဦး သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး လက်ပန်လှနယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၁၃/၂၀၁၉) နဲ့ ရေးဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up