ခင်ဦးမြို့နယ်တွင် ညီအစ်မ ၂ ဦး ဆွဲကြိုးချသေဆုံး
DVB
·
April 28, 2019
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်မှာ ညီအစ်မ ၂ ဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၂၇ ရက်နေ့ မနက် ၉ နာရီခွဲလောက်က ခင်ဦးမြို့နယ်၊ မြေနီသျှိုကျေးရွာရဲ့ အရှေ့ဘက် ၁ မိုင်လောက်အကွာရှိ ဦးညိုဝင်းရဲ့ ယာတောတဲ ကွပ်ပျစ်ပေါ်နဲ့ အမြင့် ၁၂ ပေလောက်ရှိ တဲခေါင်ထုတ်တန်းတို့မှာ မရီဝင်း (၂၇) နှစ်နဲ့ညီမ မအိဝါ ၂၃ နှစ်တို့ ၂ ဦး ပြင်ပဒဏ်ရာမရှိဘဲ ဆွဲကြိုးချသေဆုံးနေတာကို တွေ့ရှိခဲ့လို့ ခင်ဦး ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ ဧပြီလ ၂၆ ရက်နေ့ ၁၃း၀၀ အချိန် ညီအစ်မ ၂ ဦးဟာ ကွမ်းခြံကိစ္စနဲ့ စကားများရန်ဖြစ်ကြပြီး မအိဝါဟာ နေအိမ်မှ ထွက်ခွာသွားပြီး အစ်မဖြစ်သူ မရီဝင်း လိုက်လံရှာဖွေဖို့ နေအိမ်က ထွက်သွားပြီးနောက် အခုလို ဆွဲကြိုးချ သေဆုံးနေတာကို ဖခင် ဦးညိုဝင်းက တွေ့ရှိခဲ့တာပါ။
ညီအစ်မ ၂ ဦး ဆွဲကြိုးချ သေဆုံးမှုနဲ့ ပတ်သက်ပြီး ခင်ဦးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၇/၂၀၁၉) နဲ့ ရေးဖွင့်စစ်ဆေးတယ်လို့ သိရပါတယ်။