အိုင်အက်စ်လှုပ်ရှားမှု ထိန်းချုပ်နိုင်ဟု သီရိလင်္ကာသမ္မတ ပြော

အိုင်အက်စ်လှုပ်ရှားမှုတွေကို သီရိလင်္ကာနိုင်ငံက ထိန်းချုပ်နိုင်တယ်လို့ သမ္မတ မိုင်သီရီပါလာ-ဆီရီဆန်နာက ဧပြီ ၂၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။ အီစတာ ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် လူအယောက် ၇၀ ကျော် ဖမ်းဆီးထားပြိး ၁၃၀  ၀န်းကျင်ဟာ အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွှယ်မှုရှိတယ်လို့ သမ္မတ ဆီရီဆန်နာက ပြောကြားပါတယ်။ သမ္မတ ဆီရီဆန်နာက အိုင်အက်စ်အဖွဲ့နဲ့ အဆက်အသွယ်ရှိသူတွေကို ရှာဖွေဖမ်းဆီးမယ်လို့ ကတိပြုလိုက်ပြီး အာဏာပိုင်တွေအနေနဲ့ ရက်အနည်းငယ်အတွင်း အခြေအနေကို လုံးဝထိန်းချုပ်နိုင်မယ်လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် သမ္မတ ဆီရီဆန်နာက ပြည်သူတွေ ဘေးကင်းလုံခြုံပြီး လွတ်လွပ်လပ်လပ် နေထိုင်နိုင်မယ့် ပတ်ဝန်းကျင်ကို ဖန်တီးပေးမယ်လို့လည်း ကတိပေးလိုက်ပါတယ်။ ဧပြီ ၂၆ ရက်နေ့ကလည်း သီရိလင်္ကာနိုင်ငံအတွင်းက ဗလီဝတ်ကျောင်းတချို့ တိုက်ခိုက်ခံရနိုင်တဲ့ အလားအလာတွေရှိပေမယ့် ပုံမှန်ဝတ်ပြုဆုတောင်းပွဲတွေကို လုပ်ခဲ့ပါတယ်။ အာဏာပိုင်တွေက အစ္စလာမ်ဘာသာဝင်တွေကို စုဝေး၀တ်ပြုတာထက် နေအိမ်မှာပဲ ၀တ်ပြုကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up