စပါးအသင်း ၀က်စ်ဟမ်းကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

1.9K
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးက အိမ်ကွင်းမှာ ၀က်စ်ဟမ်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးသွားပါတယ်။
ဒီပွဲရှုံးတာကြောင့် စပါးအသင်းရဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၄ ၀င်ရေး မျှော်လင့်ချက်တွေ ထိခိုက်ခဲ့ရပါတယ်။
ဝက်စ်ဟမ်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ဒုတိယပိုင်း ၆၇ မိနစ်မှာ အန်တိုနီယိုက သွင်းယူပါတယ်။ ဒီပွဲမှာ အိမ်ရှင် စပါးက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ၀က်စ်ဟမ်းက ဂိုးပေါက် ခြိမ်းခြောက်တာတွေ ပိုလုပ်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ၀က်စ်ဟမ်း ကစားသမား အန်တိုနီယို ခြေစွမ်းပြနိုင်လို့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။
ဒီပွဲရှုံးတဲ့ စပါးက အမှတ် ၇၀ နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး အဆင့် ၄ နေရာက တပွဲလျော့ ချဲလ်ဆီးနဲ့ ၃ မှတ်အကွာမှာ ရပ်တည်နေပါတယ်။