အပူချိန်မြင့်မားသဖြင့် ငါးမွေးမြူရေးကန်အချို့မှ ငါးများ သေဆုံး

အပူချိန်အရမ်းမြင့်မားနေတဲ့အတွက် ငါးမွေးမြူရေးကန်တွေမှာ  ငါးတွေ သေဆုံးတာတွေရှိနေပြီး ငါးမွေးမြူရေးလုပ်ငန်းရှင်တွေအနေနဲ့ ဆုံးရှုံးတာတွေ ရှိနေတယ်လို့ ငါးမွေးမြူရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒါကြောင့် ငါးမွေးမြူရေး လုပ်ငန်းရှင်တွေအနေနဲ့ ငါးမွေးကန်တွေကို ဒီအတိုင်း ဆက်ထားမယ်ဆိုရင် ဆုံးရှုံးမှုတွေ ပိုကြီးလားနိုင်တယ်လို့ အော့ချတ်(ဒ်) ငါးမွေးမြူရေးကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ မြင့်စိန်က ပြောပါတယ်။ အပူချိန်မြင့်မားလို့ တချို့ငါးမွေးမြူရေးကန်တွေမှာ တနေ့ကို ငါးအကောင်ရေ ဆယ်ဂဏန်း ၀န်းကျင် သေဆုံးတာတွေ ရှိနေပါတယ်။ သေဆုံးတဲ့ ငါးတွေထဲမှာ ငါးမြစ်ချင်းငါးတွေ အများဆုံး ဖြစ်တယ်လို့  ငါးမွေးမြူရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ တန်ခူးငါးမွေးမြူရေးကုမ္ပဏီမှ ဦးညီညီလွင်က ပြောပါတယ်။ ပူပြင်းတဲ့ရာသီမှာ ငါးတွေသေဆုံးတာမဖြစ်အောင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ကလည်း ငါးမွေးမြူရေးလုပ်ငန်းရှင်တွေကို သတိထားရမယ့်အချက်တွေ ပညာပေးအနေနဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up