သီရိလင်္ကာရဲတပ်ဖွဲ့ စီးနင်းရှာဖွေမှုအတွင်း ၁၅ ဦး သေဆုံး

1.5K
သီရိလင်္ကာနိုင်ငံ အရှေ့ပိုင်းမှာ ဧပြီ ၂၆ ရက်နေ့က ရဲတပ်ဖွဲ့ရဲ့ စီးနင်းရှာဖွေမှုအတွင်း ညလုံးပေါက် ပစ်ခတ်မှုဖြစ်ခဲ့ပြီး လူ ၁၅ ယောက် သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ ကလေး ၆ ယောက် ပါဝင်ပြီး သံသယဖြစ်ဖွယ် ဗုံးခွဲသူ ၃ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီစီးနင်းမှုကို အမ်ပါရာမြို့မှာ ပြုလုပ်ခဲ့ပြီး အီစတာ ပွဲတော်ဗုံးခွဲ တိုက်ခိုက်မှုအပြီး ၆ ရက်အကြာမှာ ဖြစ်ခဲ့တာပါ။
စီးနင်းတိုက်ခိုက်မှုအပြီးမှာတော့ ရဲတပ်ဖွဲ့ဟာ ဖောက်ခွဲရေး ပစ္စည်းအများအပြား၊ အိုင်အက်စ် ယူနီဖောင်းတွေနဲ့ အလံတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဗုံးလုပ်ပစ္စည်းတွေ၊ ဒါဇင်နဲ့ချီတဲ့ ယမ်းပျော့တွေ၊ ထောင်နဲ့ချီတဲ့ ဘောလ်ဘယ်ယာရင်တွေကို အဲဒီနေရာက သီးခြားအိမ်တမှာ တွေ့ရှိရတယ်လို့ သီရိလင်္ကာ စစ်ဘက်ကပြောပါတယ်။
ဧပြီ ၂၁ ရက်နေ့ သီရိလင်္ကာနိုင်ငံသား ပညာတတ် အသေခံဗုံးခွဲသမား ၉ ယောက်ဟာ ဘုရားကျောင်း ၃ ခုနဲ့ ဇိမ်ခံဟိုတယ် ၄ ခုမှာ တပြိုင်နက် ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။