ဆာလက်၏ ကန်ချက်ကြောင့် အသက်ပျောက်ခဲ့ရသည့် ခိုငှက်ကလေး

ဟက်ဒါဖီးလ်အသင်းရဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်မှူးမိုဟာမက် ဆာလက်ရဲ့ ကန်ချက်ကြောင့် ခိုတစ်ကောင် မတော်တဆ သေဆုံးသွားခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ချန်ပီယံဆုအတွက် မန်စီးတီးနဲ့ အပြိုင်ဖြစ်နေတဲ့ လီဗာပူးလ်ဟာ ဟက်ဒါဖီးလ်အသင်းကို အိမ်ကွင်း အန်ဖီးလ်မှာ လက်ခံကစားခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ၅ ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ နာဘီကီတာက တဂိုး၊ ဆာလက်နဲ့ မာနေးတို့က တယောက်ကို နှစ်ဂိုးစီသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်း စတုထ္တဂိုးမရခင်အချိန် ဟက်ဒါဖီးလ်အသင်းရဲ့ ပင်နယ်တီဧရိယာနားမှာ ခိုတကောင် သေဆုံးနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကို ကင်မရာကနေ တဆင့်မြင်တွေ့ခဲ့ရပြီး ဒီခိုလေး သေဆုံးရတာဟာ ဆာလက်ရဲ့ ကန်ချက်ကြောင့်ဖြစ်တယ်လို့ ပရိသတ်တချို့က ရေးသားထားပါတယ်။ သတင်းတွေမှာလည်း ဒီခိုဟာ ကွင်းရဲ့အနေအထားကြောင့် ပျံသန်းရာမှာ အခက်အခဲရှိခဲ့ပြီး ဆာလာကန်လိုက်တဲ့ ဘောလုံးနဲ့ မတော်တဆထိမှန်ကာ သေဆုံးခဲ့ရတယ်လို့ ရေးသားထားပါတယ်။ ဒါကို ပရိသတ်တွေကလည်း သတိပြုမိခဲ့ပြီး “ဆာလက် ကန်လိုက်တဲ့ဘောလုံးနဲ့ ထိပြီးသေသွားတာလား၊ ကွင်းထဲမှာ ဘာကြီးရောက်လာတာလဲ” လို့ ပရိသတ်တဦးက ရေးသားထားပါတယ်။ ပွဲအပြီး အန်ဖီးလ်ကွင်းထဲကနေ ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေမှာလည်း ဆာလက်ဟာ ဂိုးကန်သွင်းဖို့ ကြိုးစားရင် သူ့ကန်ချက်ဟာ ခိုကို မတော်တဆထိမှန်သွားတယ်လို့ ရေးသားထားတာတွေ့ရပြီး ဓာတ်ပုံတပုံမှာလည်း လီဗာပူးလ်တိုက်စစ်မှူး စတားရစ်ဟာ သေဆုံးနေတဲ့ ခိုလေးကို စိုက်ကြည့်နေတာ တွေ့ရပါတယ်။ ဒီနိုင်ပွဲကြောင့် လီဗာပူးလ်အသင်းဟာ ဒုတိယနေရာက မန်စီးတီးအသင်းထက် တပွဲပိုကန်ကာ တမှတ်အသာနဲ့ ပရီမီးယားလိဂ်အမှတ်ပေးဇးယားရဲ့ အဆင့်တနေရာမှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up