ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း နိုင်ငံတကာကုန်သွယ်ရေးအတွက် စင်္ကြံသစ်ဖန်တီးခြင်းဖြစ်ဟု တရုတ်သမ္မတပြော

1.1K
ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း ရည်မှန်းချက်ဟာ နိုင်ငံတွေအကြား နှစ်ဦးနှစ်ဖက် အောင်မြင်စေမယ့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ဖြစ်ပြီး နိုင်ငံတကာကုန်သွယ်ရေးအတွက် စင်္ကြံသစ် တခုဖန်တီးဖို့ ဖြစ်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဧပြီလ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။
ခေတ်သစ်ပိုးလမ်းမ ဖောက်လုပ်တဲ့ စီမံကိန်းဟာ အစိမ်းရောင် အခြေခံ အဆောက်အအုံနဲ့ ဘဏ္ဍာရေးအပေါ် အာရုံစိုက်ပြီး အရည်အသွေးမြင့် ဖွံဖြိုးတိုးတက်မှုရဖို့ တွန်းအားပေးတဲ့ အစီအစဉ် ဖြစ်တယ်လို့ ဒုတိယအကြိမ် ရပ်ဝန်းနဲ့လမ်းမ ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ သမ္မတရှီက ပြောခဲ့ပါတယ်။
မိတ်ဖက်နိုင်ငံတချို့က စီမံကိန်းကုန်ကျစရိတ် ကြီးမြင့်တာကို ညည်းတွားတာနဲ့ အတူ အဲဒီ ရပ်ဝန်းနဲ့ပိုးလမ်းမ အစီအစဉ်ဟာ အငြင်းပွားဖွယ်ရာ ဖြစ်လာခဲ့ပါတယ်။
တရုတ်နိုင်ငံကတော့ ဘယ်နိုင်ငံကိုမှ ကြွေးမြီထောင်ချဖို့ မရည်ရွယ်ဘဲ ကောင်းမွန်တဲ့ ရည်မှန်းချက်တွေသာ ရှိတယ်လို့ ထပ်တလဲလဲ ပြောထားပါတယ်။
အနောက်နိုင်ငံအစိုးရတွေကတော့ တရုတ်အစိုးရရဲ့ ခေတ်သစ်ပိုးလမ်းမ အစီအစဉ်ဟာ ဆင်းရဲတဲ့နိုင်ငံတွေကို ကြွေးမြီဝန်ပိစေပြီး ဒီနည်းလမ်းနဲ့ တရုတ် သြဇာကြီးမားအောင် ကြိုးပမ်းတယ်လို့ ရှုမြင်ကြ ပါတယ်။