Home
မြန်မာသတင်း
ရေတပ်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေး ရုရှား-မြန်မာ ဆွေးနွေး
DVB
·
April 27, 2019
ရုရှားနိုင်ငံကိုရောက်နေတဲ့ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ရုရှားတပ်မတော် ဒုတိယ ရေတပ်ဦးစီးချုပ်တို့ဟာ နှစ်နိုင်ငံတပ်မတော်နဲ့ ရေတပ်နှစ်ရပ်အကြား စစ်သဘောင်္တွေ အပြန်အလှန်လည်ပတ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်တွေမှာ ပူးပေါင်း ဆောင်ရွက်ရေး စတာတွေကို ဆွေးနွေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်ထုတ်ပြန်ပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှာ ချစ်ကြည်ရေးခရီးရောက်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှားတပ်မတော် ဒုတိယရေတပ်ဦးစီးချုပ်က မနေ့ မနက်ပိုင်းမှာ ရေတပ်ဦးစီးချုပ်ရုံးရှေ့မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။ နှစ်နိုင်ငံတပ်မတော်နဲ့ ရေတပ်နှစ်ရပ်အကြား စစ်ဘက်နည်းပညာဆိုင်ရာမျာနဲ့ လေ့ကျင့်ရေးဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံစစ် သဘောင်္တွေ အပြန်အလှန်လည်ပတ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေး၊ ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်ခိုင်မာစေရေးအတွက် အဆင့်အလိုက် ချစ်ကြည်ရေး ခရီးစဉ်တွေအပြန်အလှန် လည်ပတ်ရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံအပြီးမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ အဖွဲ့ဝင်တွေဟာ ရုရှားတပ်မတော် ရေတပ်သမိုင်းပြခန်းမှာ မြန်မာနိုင်ငံသမိုင်းကြောင်းတွေကို  ရုရှားဘာသာနဲ့ ရေးထားတဲ့ စာအုပ်တွေ ထိန်းသိမ်းထားတာကို လေ့လာခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ရေငုပ်သင်္ဘောတွေ ထုတ်လုပ်နေတာ၊ ပြုပြင်ထိန်းသိမ်းနေတာ၊ မောင်းသူမဲ့ ကင်းထောက်လေယာဉ်တွေ တပ်ဆင်ထုတ်လုပ်နေတာတွေကိုလည်း သွားရောက်လေ့လာခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024