လီဗာပူးက ဟတ်ဒါဖီးလ်ကို ၅ ဂိုးပြတ်နိုင်ပြီး အမှတ်ပေးဇယားကို ဦးဆောင် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးက ဟက်ဒါဖီးလ်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ လီဗာပူးက ဒီပွဲနိုင်လိုက်လို့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပြိုင်ဘက် မန်ချက်စ တာစီးတီးကို ဖိအားပေးနိုင်ခဲ့ပါတယ်။ လီဗာပူးအတွက် အနိုင်ဂိုးတွေကို ကီရာတာက ၁ ဂိုး၊ မာနေးက ၂ ဂိုးနဲ့ တိုက်စစ်မှူး ဆာလက်က ၂ ဂိုး အသီးသီး သွင်းယူနိုင်ခဲ့ပါတယ်။ တန်းဆင်းရတော့မယ့် ဟက်ဒါဖီးလ်ကတော့ ဒီပွဲမှာ လီဗာပူးကို အစစအရာရာ မယှဉ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ အိမ်ရှင် လီဗာပူးကပဲ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။ ဂိုးပေါက် ကန်သွင်းခွင့်လည်း ၇ ကြိမ်အထိ ရခဲ့ပါတယ်။ ဒီပွဲမှာ ခြေစွမ်းပြနိုင်တဲ့ တိုက်စစ်မှူး မာနေ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ် ခံရပါတယ်။ နိုင်ပွဲဆက်တဲ့ လီဗာပူးက ၉၁ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး တပွဲလျော့ မန်စီးတီးကို ၂ မှတ် ဖြတ်ထားလိုက်ပါတယ်။

More News
Up