Home
မြန်မာသတင်း
ပြင်သစ်ဝန်ကြီး၊ ရုရှားသမ္မတတို့နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် သီးခြားတွေ့ဆုံ
DVB
·
April 27, 2019
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၂၆ ရက်နေ့က ပြင်သစ်နိုင်ငံ ဥရောပရေးရာနှင့် နိုင်ငံခြားရေးဝန်ကြီးနဲ့ ရုရှား သမ္မတတို့နဲ့ သီးခြား တွေ့ဆုံခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ဥရောပရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတုန်းမှာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းတဲ့ လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ပြင်သစ်နိုင်ငံက  ဆက်လက်ကူညီ ပံ့ပိုးပေးသွားမယ့် ကိစ္စရပ်တွေ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ရခိုင်ပြည်နယ်အရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေး၊ ကုန်သွယ်မှု တိုးမြှင့်ရေး၊ ဆက်သွယ်ရေး၊ လေကြောင်းပို့ဆောင်ရေး၊ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး၊ ပညာရေး၊ စတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024