ရှဥ့်ပေါက်စလေးတွေအပေါ်ထားတဲ့ ကြောင်မကြီးရဲ့ မိခင်မေတ္တာ (ရုပ်သံ)

ခရိုင်းမီးယားကျွန်းဆွယ်က သဘာဝဥယျာဉ်တခုမှာ ကြောင်မကြီးတကောင်က ရှဥ့်ပေါက်စလေးတွေကို သူရဲ့ သားသမီးအရင်းတွေလို စောင့်ရှောက်ပေးနေပါတယ်။
ခရိုင်းမီးယားကျွန်းဆွယ်တောင်ပိုင်းက ဘတ်ချီဆာရေး အသေးစား သဘာဝဥယျာဉ်မှာ ပူရှာလို့ အမည်ရတဲ့ ကြောင်မလေးတကောင်ရှိပြီး သူ့မွေးထားတဲ့ ကြောင်ပေါက်စလေး လေးကောင်လည်း ရှိပါတယ်။ ဒါ့အပြင် သူဟာ ရှဥ့်ပေါက်စလေးကိုလည်း မွေးစားထားပြီး မိခင်မေတ္တာက အကန့်အသတ် မရှိဘူးဆိုတာကို သက်သေပြလိုက်ပါတယ်။
မိခင်မရှိတော့တဲ့ အဲဒီရှဥ့်ပေါက်စလေးတွေကို ဘတ်ချီဆာရေးမြို့ခံတွေက တွေ့လို့ ဥယျာဉ်ကို ခေါ်လာခဲ့တာပါ။ တိရစ္ဆာန်တွေဟာ တကောင်နဲ့ တကောင်ရင်းနှီးဖို့ အချိန်ယူရလေ့ရှိပြီး ရှဥ့်လေးတွေဟာ အစပိုင်းမှာ ကြောင်မကြီးကို ကြောက်နေကြတယ်လို့ အဲဒီဥယျာဉ်ထိန်း သိမ်းစောင့်ရှောက်သူ တယောက်က ပြောပါတယ်။
“ကြောင်မကြီးက ရှဥ့်လေးတွေကိုစတွေ့တော့ သူတမျိုးဖြစ်နေသေးတယ်။ ရှဥ့်လေးတွေက သူ့ပေါ်ကို လျောက်တက်ကြ၊ သူ့ပါးစပ်နားကို လာထိလိုက်နဲ့ နောက်တော့ သူ့ရဲ့ ကလေးတွေလိုပဲ ဆက်ဆံတော့တယ်။ အခုသူတို့က ပျော်စရာကောင်းတဲ့ မိသားစုလေးတစ်ခုဖြစ်နေပြီ ကြောင်လေးတွေ နဲ့ ရှဥ့်လေးတွေ..။”
ကြောင်မကြီး ပူရှာဟာ သူရဲ့ ကြောင်ပေါက်လေး လေးကောင်ကိုလည်း နို့တိုက်ရသေးတာကြောင့် သူ့ရဲ့ ကလေးအားလုံးအတွက် နို့ရည်အလုံအလောက် မထုတ်နိုင်ပါဘူး။ ဒါ့ကြောင့် ဥယျာဉ်က တာဝန်ရှိသူတွေဟာ ဆိတ်နို့ကို ဘူးအသေးတွေနဲ့ အစားထိုးတိုက်ပေးကြပါတယ်။