Home
မြန်မာသတင်း
လက္ကာကျေးရွာမှ ဖမ်းဆီးခံထားရသူများကို ရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးမည်
DVB
·
April 26, 2019
မြောက်​ဦးမြို့နယ်​ လက္ကာကျေးရွာမှ ဖမ်းဆီးခံထားရသူတွေကို မကြာမီရက်​ပိုင်းအတွင်း ရဲလက်​ထဲ လွှဲ​ပြောင်း​ပေးပြီးမှ ​မိသားစုဝင်​တွေ တွေ့ခွင့်ရမယ်လို့ ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့က ​ပြောပါတယ်။ ဧပြီလ ၂၆ ရက် ​နေ့ မနက်​က​ ရခိုင်​ပြည်​နယ်​အစိုရအဖွဲ့​က လက္ကာကျေးရွာမှ ဖမ်းဆီးခံထားရသူတွေနဲ့ ​သေဆုံးသူ ၃ ဦးရဲ့ မိသားစုဝင်​တွေ ​တွေ့ဆုံစဉ်​ ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့က ပြောကြားခဲ့တာလို့ ​မြောက်​ဦးမြို့ပြည်​နယ်​လွှတ်​​တော်​အမတ်​ ဦးထွန်းသာစိန်​က​ ဆိုပါတယ်​။ "ဒီသုံး​လေးရက်​အတွင်းမှာ ရဲလက်​ထဲ လွှဲ​ပေးမှာဖြစ်​တယ်​။ ရဲလက်​ထဲ​ရောက်​မှသာ ​တွေ့ချင်​တဲ့ မိသားစုဝင်​​တွေ ​တွေ့ခွင့်ရမယ်​လို့ ၀န်​ကြီးချုပ်​ဦးညီပုက ​ပြောတယ်​။ ​သေဆုံးသွားသူ​တွေကိုလည်း ဗုဒ္ဓဘာသာ ထုံတမ်းစဉ်​လာအရ သင်္ဂြိုဟ်​ခဲ့​ပြီး မှတ်​တမ်းဓာတ်​ပုံတွေ ရိုက်​ထား​ကြောင်း ရဲမှူးကြီး ကြည်​လင်းက ​ပြောတယ်။ ဒီ​နေ့​တွေ့ဆုံမှုက​တော့ အဖမ်းခံထားရတဲ့ မိသားစုဝင်​​တွေအ​နေနဲ့ ဘယ်​သူနဲ့မှ ​တွေ့ဆုံခွင့်မရတဲ့ အချိန်​မှာ အစိုရအဖွဲ့နဲ့​တွေ့ဆုံပြီး ဒီလို​ပြောဆိုရတယ်​ဆို​တော သူတို့လည်း တ​စုံတရာ​ကျေနပ်​ကြမှာပါ။" ဒါ့အပြင် အခုလက်ရှိ စစ်​​ဘေး​ရှောင်​​တွေ မိုးရာသီကျ​ရောက်တဲ့​အထိ မူလ​နေရာ မပြန်နိုင်​ပါက ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့က တာဝန်​ယူပြီး စခန်း​တွေကို မိုးရာသီ​နေထိုင်​နိုင်​​အောင် ​စီမံ​ဆောင်​ရွက်​​ပေးဖို့ ပြည်​​ထောင်​စုကို တင်​ပြထားတယ်​လို့ ပြောကြားသွားတယ်လို့ ဆိုပါတယ်။ ဧပြီ ၁၀ ရက်​​က ​မြောက်​ဦးမြို့ ရဲတပ်​ရင်း ၃၁ ကို ၀င်ရောက်တိုက်ခိုက်ထွက်ပြေးသွားတဲ့ အေ​အေအဖွဲ့ကို တပ်မတော်စစ်ကြောင်းတွေက လိုက်လံရှင်းလင်းစဉ် ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ရှိ လက္ကာကျေးရွာအနီးမှာ အရပ်ဝတ် အေအေတပ်ဖွဲ့ဝင်တွေနဲ့  ၂ နာရီလောက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ အေအေတပ်ဖွဲ့ဝင် တချို့က လက္ကာရွာထဲကို ၀င်ပြေးသွားလို့  လိုက်လံရှင်းလ­င်းရာမှာ ရွာခံမဟုတ်တဲ့ မသင်္ကာဖွယ်ရွာသား ၂၀ ကျော်ကို ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံထားရတဲ့ ရွာသား ၂၇ ဦးထဲက ၃ ဦး သေဆုံးသွားတာလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (အေအေ) နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေကြောင့် ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး စတဲ့မြို့တွေမှာ ဧပြီ ၂၁ ရက်နေ့အထိ စစ်ဘေးရှောင် လူဦးရေ ၃၁၉၇၉ ဦး၊ အိမ်ထောင်စု ၇၂၇၃ စုနဲ့ စစ်ဘေးရှောင်စခန်း ၉၉ ခုအထိရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024