မက္ကဆီကိုတွင် တောမီးလောင်၊ မြေပြင်နှင့်ဝေဟင်မှ မီးငြှိမ်းသတ်နေရ

မက္ကဆီကိုနိုင်ငံတောင်ပိုင်းက ချီယာပက်စ်ပြည်နယ်နဲ့ အော့ဆာကာ ပြည်နယ်နှစ်ခုစလုံးမှာ ဧပြီ ၂၅ ရက်က တောမီးလောင်နေတာကြောင့် မီးသတ်သမားတွေဟာ မြေပြင်ကသာမက ဝေဟင်ကပါ မီးငြှိမ်းသတ်နေကြရပါတယ်။ လက်ရှိအချိန်ထိ သစ်တောဧရိယာနဲ့ စားကျက်မြေဧရိယာ အကျယ်အ၀န်း ဟတ်တာ ၉ သိန်းလောက် တောမီးလောင်နေတာပါ။ အဲဒီပြည်နယ်နှစ်ခုမှာ စုစုပေါင်း တောမီးလောင်နေတဲ့ နေရာ ၁၁ ခုရှိတယ်လို့ အမျိုးသား သစ်တောကော်မရှင်က ပြောပါတယ်။ အခုနှစ်အတွင်း လက်ရှိအချိန်ထိ မက္ကဆီကိုနိုင်ငံတလွှား ပြည်နယ် ၂၉ ခုမှာ တောမီးလောင်မှု ၃ ထောင်ကျော် ရှိခဲ့တယ်လို့ အဲဒီကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

More News
Up